Latest News
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူရုံးမှ တာဝန်ရှိသူများသည် ကော့ကရိတ်မြို့နယ်အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းများနှင့် နီးစပ်ရာဆွေးမျိုးနေအိမ်များသို့ ထပ်မံပြောင်းရွှေ့လာသော အိမ်ထောင်စု(၁၈၆)စု၊ လူဦးရေ (၈၂၇)ဦးတို့အတွက် (၁)ပတ်စာ ဆန်ရိက္ခာဖိုးငွေ (၁၇၃၆၇၀၀/-)ကျပ်အား (၂-၈-၂၀၂၁)ရက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #kyh_aug_2021
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၁-၇-၂၀၂၁)ရက်နေ့တွင် မြိတ်မြို့နယ်၊ အလယ်ကျွန်းရပ်ကွက်၊ ပန်စရာရပ်၊ အေးရိပ်သာလမ်းသွယ်(၂)တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် အနောက်ဘက်အမိုးပေါ်သို့ သစ်ပင်ပြိုလဲခဲ့ကာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လေဘေးသင့်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀,၀၀၀/-)ကျပ်၊ ဘေးသင့် လူဦးရေ(၆)ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၂,၆၀၀/-)ကျပ်တို့အား(၂-၈-၂၀၂၁)ရက်နေ့(၁၄း၂၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_aug2021 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်း မြို့၊ မြစ်ဆယ်ကျေးရွာအုပ်စု၊ မြစ်ဆယ်ကျေးရွာနှင့် အသုတ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဆေးရုံကွက်သစ် (၁) လမ်း၌ (၂၂-၇-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အမိုးလန်ပျက်စီးနေအိမ်(၂ ) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၇)ရက်စာ (၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၂,၆၀ဝ/-)ကျပ်တို့အား (၂-၈-၂၀၂၁) ရက်နေ့ (၁၄:၃၀)နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာန၊ ရွှေကျင်မြို့နယ်ဦးစီးမှူရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၂၁)ရက်နေ့၌ ရွှေကျင်မြို့နယ် သံဆိပ်ကျေးရွာအုပ်စု၊ သံဆိပ်ရွာမကျေးရွာနှင့် ပန်းအင်းကျေးရွာတို့တွင် ဖြစ်ပွားခဲ့သောလေဘေးမှ ပြိုလဲနေအိမ်(၃)လုံးနှင့် အမိုးလန်နေအိမ်(၈)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၄၀၀၀၀/-) ကျပ်၊ လူဦးရေ(၄၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၉၈၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၃၈၇၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိူးပါ (၃) အိမ်ထောင်စာတို့အား(၂-၈-၂၀၂၁) ရက်နေ့(၁၃:၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရွှေကျင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #bgo_aug_2021
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၁)ရက်နေ့မှစ၍ တနင်္သာရီမြစ်ရေဝင်ရောက်မှုကြောင့် (၁-၈-၂၀၂၁) ရက်နေ့တွင် ချောင်းကြီးဘုန်းကြီးကျောင်း ယာယီ ကယ်ဆယ်ရေးစခန်းသို့ ထပ်မံပြောင်းရွေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၁) စု၊ လူဦးရေ (၇)ဦး၊ မြေမအုံကျေးရွာရှိ Multipurpose Shelter ယာယီကယ်ဆယ်ရေး စခန်းသို့ ထပ်မံပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၃၉)စု၊ လူဦးရေ (၁၉၁)ဦး၊ ( ၂-၈-၂၀၂၁)ရက်နေ့တွင် ချောင်းကြီး ဘုန်းကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံပြောင်းရွေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၂)စု၊ လူဦးရေ(၁၂)ဦး၊ … Read more
-
ကမ်းပြိုဘေးနှင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ လှည်းမှောက်အုပ်စု၊ ရေထွက်ခုံကျေးရွာတွင် (၂၇-၇-၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ်( ၂၀၀ဝဝဝိ/-)ကျပ် ၊ လူဦးရေ (၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ ငွေကျပ်(၂၁၀၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး (၂၂၁၀၀ဝိ/-)ကျပ်နှင့် ထူးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်တွင် (၂၇-၇-၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့သောလူနေအိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၇၀ဝဝဝိ/-)ကျပ် ၊ လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ ကျပ်(၁၈၉၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုးကျပ် (၁၈၈၉၀ဝိ/-) ကျပ်တို့အား(၁-၈-၂၀၂၁) … Read more









