Latest News
-
ရေဘေးထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ ရေမျောပါပျက်စီးသွားသည့်နေအိမ်(၂)လုံးရှိ အိမ်ထောင်စု(၂)စုမှ လူဦးရေ (၄)ဦးအတွတ် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ (၈၄၀၀)အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀)စုစုပေါင်းထောက်ပံ့ငွေ (၂၀၈၄၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု(၂)စု စာအား (၃.၈.၂၀၂၁)ရက်နေ့တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #krn_aug2021 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျိုက်ဒုံမြို့နှင့် ဘုရားသုံးဆူမြို့များရှိ ရေဘေးသင့်အိမ်ထောင်စု(၇၁၁)စုမှ လူဦးရေ (၃၀၅၆) ဦးအတွတ် ဆန်ရိက္ခာ(၇) ရက်စာဖိုးငွေ (၆၄၁၇၆၀၀) အား (၄.၈.၂၀၂၁) ရက်နေ့တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #krn_aug2021 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဒဏ်ရာရရှိသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၁) ရက်နေ့၊ (၁၄:၀၀) နာရီ အချိန်တွင် ဖာပွန်မြို့၊ အနာက်ဘက်ကမ်းကျေးရွာအုပ်စု၊ အနောက်ဘက်ကမ်းကျေးရွာ၌ ဆိတ်သွားရှာစဥ် မြေမြုပ်မိုင်း(၁)လုံးပေါက်ကွဲခဲ့သဖြင့် ဒဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်အား (၄-၈-၂၀၂၁)ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် ဘားအံမြို့၊ ကုတင်(၁၀၀)ဆေးရုံသို့သွားရောက်၍ ပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kyn_aug2021 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း နှင့်တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၁) ရက်နေ့၊ (၁၈:၀၀)နာရီအချိန်တွင် ဖာပွန်-ကမမောင်း ကားလမ်းပေါ်တွင် ကန့်လန့်ဖြတ်ဆွဲ ထားသည့် ဒေသန္တရလက်လုပ်မိုင်းပေါက်ကွဲခဲ့ခြင်းကြောင့် သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ ငွေ (၃၀၀,၀၀၀/-)ကျပ်နှင့် ဒဏ်ရာရရှိသူ (၂) ဦးတို့ အတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်တို့အား (၃-၈-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီ အချိန်ခန့်တွင် လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kyn_aug2021 … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၄) ရက်၊(၁၁:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) သောင်ရင်းမြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ————————————————– ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၁) ပေခွဲခန့်ကျော်လွန် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည်နောက် (၁)ရက်အတွင်း(၂)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် ————– သို့ဖြစ်ပါ၍မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ််ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၂၁)ရက်နေ့၌ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဝါဆိုရပ်ကွက်၊ (၂)လမ်း တွင်ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၃)လုံး၊ ပြိုလဲနေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၇၀၀၀ဝိ/-)၊ လူဦးရေ(၁၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၉၉၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၀၉၉၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁) အိမ်ထောင်စာနှင့် (၁၆)မျိုး(၁)အိမ်ထောင်စာ၊ ကတ္ထူစက္ကူပုံး(၂)ပုံးတို့အား (၃-၈-၂၀၂၁) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_sgw #bgo_aug_2021









