ဒဏ်ရာရရှိသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၇-၇-၂၀၂၁) ရက်နေ့၊ (၁၄:၀၀) နာရီ အချိန်တွင် ဖာပွန်မြို့၊ အနာက်ဘက်ကမ်းကျေးရွာအုပ်စု၊ အနောက်ဘက်ကမ်းကျေးရွာ၌ ဆိတ်သွားရှာစဥ် မြေမြုပ်မိုင်း(၁)လုံးပေါက်ကွဲခဲ့သဖြင့် ဒဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်အား (၄-၈-၂၀၂၁)ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် ဘားအံမြို့၊ ကုတင်(၁၀၀)ဆေးရုံသို့သွားရောက်၍ ပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#otr

#kyn_aug2021

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

  • Upcoming Events