Latest News
-
ရေဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (23- 8-2021) ရက်နေ့၌ ဖောင်းပြင်မြို့၏ ချင်းတွင်းမြစ်ရေသည် (1319 စင်တီမီတာ)သို့ ရောက်ရှိနေပါသဖြင့် ဖောင်းပြင်မြို့ မြို့မစည်ပင် သာယာဈေးနှင့်ယာယီပျံကျဈေးတွင် ရေဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအား ပြန်/ဆက် ဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2021 Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါ နှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ကျောက်ဆည်မြို့နယ်ရှိ ခတက်ကုန်းကျေးရွာအုပ်စုတွင် ခတက်ကုန်း၊ ပေါင်းလောင်းကြီးကျေးရွာ အုပ်စုတွင် ပေါင်းလောင်းကြီး၊ ပဲခင်းကျေးရွာအုပ်စုတွင် ပဲခင်း၊ မုန်တိုင်၊ မြေစိုမိုးကောင်းကျေးရွာအုပ်စု တွင် မြေစိုမိုးကောင်း၊ ဘိုးတိုင်ပေါက်၊ မဉ္ဇူခြံ၊ ရွာပု၊ လယ်ကြီး ကျေးရွာအုပ်စုတွင် လယ်ကြီး၊ ဖြိုးသာ၊ ဒါန်း စုစုပေါင်း ကျေးရွာအုပ်စု(၅)စုနှင့် ကျေးရွာ(၁၁)ရွာသို့ (၂၂-၈-၂၀၂၁) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ် များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်၊ (၀၈:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) ချင်းတွင်းမြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၄)လက်မခန့် ကျော်လွန်ရောက် ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။
-
မြစ်ရေကြီးမှုအခြေအနေသတင်း
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်၊ (၁၉:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) သံလွင်မြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်အရသံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၂)လက်မခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၁)ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် သို့ဖြစ်ပါ၍ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
Covid-19 ရောဂါ ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၁)ရက်နေ့၌ ထားဝယ်မြို့နယ် ဆန်းချီရပ်ကွက်၊ ဝဲကျွန်းရပ်ကွက် တို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ရောဂါ ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug2021 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား လှည့်လည် အသိပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၁) ရက်နေ့၊ (၁၅း၀၀)နာရီအချိန်မှ (၁၇း၀၀)နာရီအချိန်ထိ မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာနှင့် ရွာတန်းရှည်ကျေးရွာတို့တွင် နေထိုင်သောပြည်သူများအား Covid-19 ရောဂါကူးစက် ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းအားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2021 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)









