လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ကျောက်ဆည်မြို့နယ်ရှိ ခတက်ကုန်းကျေးရွာအုပ်စုတွင် ခတက်ကုန်း၊ ပေါင်းလောင်းကြီးကျေးရွာ အုပ်စုတွင် ပေါင်းလောင်းကြီး၊ ပဲခင်းကျေးရွာအုပ်စုတွင် ပဲခင်း၊ မုန်တိုင်၊ မြေစိုမိုးကောင်းကျေးရွာအုပ်စု တွင် မြေစိုမိုးကောင်း၊ ဘိုးတိုင်ပေါက်၊ မဉ္ဇူခြံ၊ ရွာပု၊ လယ်ကြီး ကျေးရွာအုပ်စုတွင် လယ်ကြီး၊ ဖြိုးသာ၊ ဒါန်း စုစုပေါင်း ကျေးရွာအုပ်စု(၅)စုနှင့် ကျေးရွာ(၁၁)ရွာသို့ (၂၂-၈-၂၀၂၁) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ် များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mdy_aug2021
Source: ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)