Latest News
-
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်းသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၁)ရက်နေ့၌ ထားဝယ်မြို့နယ် ကြက်စားပြင်ရပ်ကွက်၊ ဘုမ္မော်ရပ်ကွက်နှင့် သင်္ဘောဆိပ်ရပ်ကွက် တို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug2021 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၁)ရက်နေ့တွင် (၁၀:၃၀)နာရီအချိန်မှ(၁၂:၀၀)နာရီအချိန်အထိ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဇေယျာမွန်ရပ်ကွက်နှင့် တောင်းသူစုရပ်ကွက်တို့တွင်နေထိုင်သောပြည်သူများအား Covid-19 ရောဂါကူးစက်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များကို Hand Speaker တို့ဖြင့် လှည့်လည်အသိပေးဟောပြောခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2021 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်းသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာအုပ်စုတွင် Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သိရှိလိုက်နာ ဆောင်ရွက်သွားမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန် အချက်များအား ဘီးလင်းမြို့နယ်အတွင်းရှိ နှင်းပုလဲကျေးရွာအုပ်စုတွင် နေထိုင်သည့်ပြည်သူများသိရှိစေရန် အသံချဲ့စက်တို့ဖြင့် လှည့်လည်အသိပညာပေး ကြေညာခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2021 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်းသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် မြင်းခြံမြို့နယ်ရှိ ရပ်ကွက်(၁,၂,၃,၄,၅,၆,၇,၈,၉,၁၀,၁၁,၁၂,၁၃)၊ ဇီးတောကျေးရွာအုပ်စုတွင် ဇီးတောကျေးရွာ၊ ထနောင်းတိုင်ကျေးရွာအုပ်စုတွင် ထနောင်းတိုင်ကျေးရွာ၊ ရွာသာကုန်းကျေးရွာ၊ ထနောင်းကုန်းကျေးရွာအုပ်စုတွင် ထနောင်းကုန်းကျေးရွာ၊ တောင်ပို့ကျေးရွာ စုစုပေါင်း ရပ်ကွက်(၁၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃)စုနှင့် ကျေးရွာ(၅)ရွာသို့ (၂၄-၈-၂၀၂၁) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ် များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_aug2021 Source: မြင်းခြံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်းသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများ သည် ကျောက်ဆည်မြို့နယ်ရှိ ကိုးပင်ကျေးရွာအုပ်စုတွင် ကိုးပင်ကျေးရွာ၊ ရဲမအူကျေးရွာအုပ်စုတွင် ရဲမအူကျေးရွာ၊ ဝန်ကာဆိပ်ကျေးရွာ၊ အင်ရောင်းကျေးရွာအုပ်စုတွင် အင်ရောင်းကျေးရွာ၊ လက်ဝဲစုကျေးရွာ၊ ဆင်ဦးကျေးရွာ၊ မြောင်းဘောင်ကျေးရွာ၊ မင်းစုကျေးရွာအုပ်စုတွင် မင်းစုကျေးရွာ၊ ငါးမြွေကုန်းကျေးရွာ၊ ဌက္ကတောင်ကျေးရွာအုပ်စုတွင် ဌက္ကတောင်ကျေးရွာ၊ တောင်နံ့သာကျေးရွာ၊ ကျေးရွာအုပ်စု(၅)စုနှင့် ကျေးရွာ(၁၁)ရွာသို့ (၂၃-၈-၂၀၂၁) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ် များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_aug2021 Source: … Read more
-
Covid-19 ရောဂါကာကွယ်ရေး အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကျုံဖိုက်ကျေးရွာနှင့် ကော့ခလွယ်ကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ်များနှင့် COVID-19 ကူးစက်ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းအားအသံချဲ့စက်များဖြင့် ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2021 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









