လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများ သည် ကျောက်ဆည်မြို့နယ်ရှိ ကိုးပင်ကျေးရွာအုပ်စုတွင် ကိုးပင်ကျေးရွာ၊ ရဲမအူကျေးရွာအုပ်စုတွင် ရဲမအူကျေးရွာ၊ ဝန်ကာဆိပ်ကျေးရွာ၊ အင်ရောင်းကျေးရွာအုပ်စုတွင် အင်ရောင်းကျေးရွာ၊ လက်ဝဲစုကျေးရွာ၊ ဆင်ဦးကျေးရွာ၊ မြောင်းဘောင်ကျေးရွာ၊ မင်းစုကျေးရွာအုပ်စုတွင် မင်းစုကျေးရွာ၊ ငါးမြွေကုန်းကျေးရွာ၊ ဌက္ကတောင်ကျေးရွာအုပ်စုတွင် ဌက္ကတောင်ကျေးရွာ၊ တောင်နံ့သာကျေးရွာ၊ ကျေးရွာအုပ်စု(၅)စုနှင့် ကျေးရွာ(၁၁)ရွာသို့ (၂၃-၈-၂၀၂၁) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ် များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mdy_aug2021
Source: ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)