Latest News
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် (၂.၉.၂၀၂၁)ရက်နေ့တွင် ရွှေ့ပြောင်းအိမ်ခြေ(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၆၀၀၀၀၀)၊လူဦးရေ (၂၅)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၅၂၅၀၀)၊စုစုပေါင်းရန်ပုံငွေ(၆၅၂၅၀၀)နှင့် လူဦးရေ (၂၅)ဦးအတွက် Surgical Masks (၅၀)ခုတို့အား (၄.၉.၂၀၂၁)ရက်နေ့(၁၂:၃၀)နာရီတွင် ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများထံသို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_sep2021 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ် များအကြောင်း အသိပညာပေးသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံခရိုင်ဦးစီးမှူးရုံး၊ နွားထိုးကြီး မြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုနှင့် ကျေးရွာများသို့ (၃-၉-၂၀၂၁) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_sep2021 Source: မြင်းခြံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ် များအကြောင်း အသိပညာပေးသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြင်းခြံမြို့နယ် ရပ်ကွက်(၁,၂,၃,၄,၅,၆)၊ ရဲတိုင်ကျေးရွာအုပ်စု၊ ရဲတိုင်ကျေးရွာ၊ အိုင်မကျေးရွာအုပ်စု၊ အိုင်မကျေးရွာ၊ တူရင်းဘိုကျေးရွာအုပ်စု၊ တူရင်းဘိုကျေးရွာ၊ ကျောက်ဖြူကန်ကျေးရွာ၊ သင်ပြွန်း ကျေးအုပ်စု၊ သင်ပြွန်းကျေးရွာ၊ ညောင်ပင်စံပြကျေးရွာ၊ နတ်ထားကျေးရွာအုပ်စု၊ နတ်ထားကျေးရွာ ရပ်ကွက်(၆) ကျေးရွာအုပ်စု(၅)စုနှင့် ကျေးရွာ(၇)ရွာသို့ (၂-၉-၂၀၂၁) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ် များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_sep2021 Source: မြင်းခြံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြစ်ရေကြီးမှုအခြေအနေသတင်း
ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၉)လက်မခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၁)ရက်နေ့(၀၈:ဝ၀)နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်း ကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ သည့်လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀၀၀ဝ/-)ကျပ် နှင့်လူဦးရေ စုစုပေါင်း(၇)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ( ၂၁၄၇၀၀/-)ကျပ်အား (၃-၉-၂၀၂၁)ရက်နေ့ (၁၅:၀၀) နာရီအချိန်ခန့်တွင်ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းပါသည်။ #ha_rbe #mon_sep_2021 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ သနပ္ပင်စုကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာတွင် (၃၁-၈-၂၀၂၁)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၇)လုံး၊ အိမ်ထောင်စု (၇)စုမှ လူဦးရေ (၁၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုး (၃၅,၇၀၀ိ/-)၊ စုစုပေါင်း (၇၃၅,၇၀၀ိ/) ၎င်းကျေးရွာတွင် (၂-၉-၂၀၂၁)ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၁၀)လုံး၊ အိမ်ထောင်စု (၁၀)စုမှ လူဦးရေ (၄၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁,၀၀၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုး(၉၀,၃၀၀ိ/-)၊ စုစုပေါင်း(၁,၀၉၀,၃၀၀ိ/-)၊ ထောက်ပံ့မှုရန်ပုံငွေစုစုပေါင်း (၁,၈၂၆,၀၀၀ိ/-)အား … Read more









