လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် (၂.၉.၂၀၂၁)ရက်နေ့တွင် ရွှေ့ပြောင်းအိမ်ခြေ(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၆၀၀၀၀၀)၊လူဦးရေ (၂၅)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၅၂၅၀၀)၊စုစုပေါင်းရန်ပုံငွေ(၆၅၂၅၀၀)နှင့် လူဦးရေ (၂၅)ဦးအတွက် Surgical Masks (၅၀)ခုတို့အား (၄.၉.၂၀၂၁)ရက်နေ့(၁၂:၃၀)နာရီတွင် ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများထံသို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_sep2021
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)