ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးအတွင်းရှိ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊   ရမည်းသင်းခရိုင်ဦးစီးမှူးရုံး၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးနှင့် တံတားဦးမြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် (၁၁-၉-၂၀၂၁)ရက်နေ့တွင် ငါန်းဇွန်မြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်နှင့် တံတားဦးမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာအုပ်စုနှင့် ကျေးရွာများ၌ COVID-19 ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော ‌သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_sep2021 Source: မန္တလေးတိုင်းဒေသကြီး (ဘစမ)

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၁၂-၉-၂၀၂၁) ရက်နေ့တွင် မြစ်ရေကြီးမှု အခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ငဝန်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ ~~~~~~~~~~~~~~~~~~~~~~~~~ ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် သာပေါင်းမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၂)လက်မခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။   အကြံပြုချက် ~~~~~~~ သို့ဖြစ်ပါ၍ သာပေါင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

  • ကမ်းပြိုဘေးသင့် ကြိုတင်ပြောင်းရွှေ့ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ အထက်​​ပေကုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာတွင်(၉-၉-၂၀၂၁)ရက်နေ့၌ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်(၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၃၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇၃,၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၉၇၃,၅၀၀/-)ကျပ်နှင့် mask များ၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် ဗီနိူင်းတို့အား (၁၁-၉-၂၀၂၀)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အထက်ပေကုန်းကျေးရွာအုပ်ချုပ်​ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ ဆက်လက်၍ တာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ ဟင်္သာဒုံးကျေးရွာအုပ်စု၊ ရွာမကျေးရွာတွင်(၉-၉-၂၀၂၁) ရက်နေ့၌ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင် ပြောင်းရွှေ့နေအိမ်(၁၀)လုံး၊  ကြိုတင်ပြောင်းရွှေ့ ခရစ်ယာန်ဘာသာရေးကျောင်း(၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁,၁၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၅၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၁၇,၆၀၀/-)ကျပ်၊  … Read more

  • သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၌ (၁၁-၉-၂၀၂၁)ရက်နေ့၊ (၁၁း၀၀)နာရီ အချိန်မှ(၁၂း၀၀)နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ပြည်သူများ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရန်/ ရှောင်ရန် အချက်များအား ကျေးရွာရှိ ပြည်သူ(၃၀)ဦးသို့ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2021 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးသင့်ပြောင်းရွှေ့ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ဖလုံဘူတာကျေးရွာအုပ်စုရှိ မာဂရီချောင်း ရေလျှံတတ်လာသောကြောင့် (၁၀-၉-၂၀၂၁)ရက်နေ့၊ (၁ဝး၀၀)နာရီအချိန်တွင် ဖလုံဘူတာ ကျေးရွာအုပ်စု၊ စက်ကြီးကျေးရွာရှိ ဘေးသင့်အိမ်ခြေ(၈၁)လုံး၊ ကျား(၁၄၉)ဦး၊ မ(၁၇၃)ဦး၊ ‌စုစုပေါင်း(၃၂၂)ဦး၊ ညောင်ဝိုင်းကျေးရွာရှိ အိမ်ခြေ(၇၉)လုံး၊ ကျား(၁၅၁)ဦး၊ မ(၁၆၇)ဦး၊ စုစုပေါင်း(၃၁၈)ဦးနှင့် မြို့ကွက်ကျေးရွာမြောက်ခြမ်းရှိ ဘေးသင့်အိမ်ခြေ(၉၉)လုံး၊ ကျား(၁၈၃)ဦး၊ မ(၂၁၈)ဦး၊ စုစုပေါင်း(၄၀၁)ဦး၊ စုစုပေါင်းကျေးရွာ(၃)ရွာတွင် ရေကြီးနစ်မြုပ်၍ ယာယီရွှေ့ပြောင်း လျက်ရှိသည့် အိမ်ခြေ(၂၅၉)၊ ကျား(၄၈၃)ဦး၊ မ(၅၅၈)ဦး၊ စုစုပေါင်း(၁၀၄၁)ဦးတို့အတွတ် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂,၁၈၆,၁၀၀/-)ကျပ်အား (၁၁-၉-၂၀၂၁)ရက်နေ့ (၁၁း၀၀) … Read more

  • COVID-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၁၁-၉-၂၀၂၁) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်မှ (၁၂း၀၀)နာရီအချိန် ထိမွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကဒုံစီးရပ်ကွက်နှင့် ​​ ပေါင်-ကျွဲခြံကျေးရွာအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက် ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် အသိပညာပေးချက်များအား အသံချဲ့စက်ဖြင့်လှည့်လည် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2021 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)