လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၁၁-၉-၂၀၂၁) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်မှ (၁၂း၀၀)နာရီအချိန် ထိမွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကဒုံစီးရပ်ကွက်နှင့် ပေါင်-ကျွဲခြံကျေးရွာအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက် ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် အသိပညာပေးချက်များအား အသံချဲ့စက်ဖြင့်လှည့်လည် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mon_sep2021
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)