Latest News
-
မိုင်းထိဒဏ်ရာရပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၂-၂၀၂၂) ရက်နေ့(၁၁:၀၀) အချိန်ခန့်တွင် သီပေါမြို့နယ်၊ ကျင်သီးကျေးရွာအုပ်စု၊ တွန်ဆောက်ကျေးရွာမှ ပြည်သူတစ်ဦးသည် ပြောင်းစိုက်ခင်းသို့သွားစဉ် လက်လုပ်မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့သဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူလျက်ရှိရာ အဆိုပါ ဒဏ်ရာရပြည်သူအတွက် ထောက်ပံ့ငွေ(၅၀,၀၀၀/-)ကျပ်အား (၅-၂-၂၀၂၂)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_feb2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၁-၂၀၂၂)ရက်နေ့ (၁၂:၃၀)အချိန်ခန့်တွင် လားရှိုးမြို့၊ ရက်ကွက်(၅)၊ နမ(၁၃)၊ (၅၆)လမ်း၊ အိမ်အမှတ်(င/၁၃/၆၃)၌ ခြင်ဆေးခွေမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးဘေးသင့်နေအိမ်(၁)လုံးအတွက် ထောက်ပံ့ငွေ(၂၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး အိမ်ထောင်စု(၁)စုစာအား (၁-၂-၂၀၂၂) ရက်နေ့တွင် မီးဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_feb2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာဟောပြောပွဲနှင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း(Table Top Exercise)ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၂-၂ဝ၂၂) နေ့တွင် စစ်ကိုင်းမြို့၊ ပြည်ထောင်စုတိုင်းရင်သားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကော လိပ်(စစ်ကိုင်း)တွင် ဆရာ/ ဆရာမ (၅၂)ဦး၊ ကျောင်းသား/ သူ (၅၉)ဦး စုစုပေါင်း(၁၁၁)ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူ ထောင်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း (Table Top Exercise)အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_feb2022 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၂၂) ရက်နေ့၊ (၀၁:၄၉) နာရီအချိန်တွင် ဖြစ်ပွားသော ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၅)ရပ်ကွက်၊ မင်းဘူးလမ်း၌ မီးလောင် ကျွမ်းမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀,၀၀ဝ/-)ကျပ်၊ လူဦးရေ (၄)ဦး အတွက် ဆန်ရိက္ခာဖိုးငွေ(၈၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၈၄၀ဝ/-) ကျပ်အား (၄-၂-၂၀၂၂) ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် … Read more
-
Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင် မြို့နယ်ဦးစီးမှူးမှ တာဝန်ရှိသူများသည် (၄.၂.၂၀၂၂) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန် တွင် ဖောင်းပြင်မြို့၊ မြို့မစည်ပင်သာယာ ဈေး၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီး ဌာန၊ ပြန်/ဆက်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ Covid-19 ဗီဇပြောင်းမျိုးကွဲ Omicron ကူးစက်ရောဂါကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_feb_2022 Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူး (ဘစမ)
-
တောဆင်ရိုင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁-၂၀၂၂) ရက်နေ့၊ (၁၁း၀၀) နာရီ အချိန်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ မလေးရှားဝိုင်ကျေးရွာအုပ်စု၊ လိပ်ကြည် ကျေးရွာ တွင် ရေးရှားတောစခန်းအနီး၌ လွှတ်ထားသော ကျွှဲများအား သွားရောက်မောင်းနှင်စဉ် တက်နင်းသွာ မှုကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-)ကျပ်အား (၂၈-၁-၂၀၂၂)ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူ များ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ygn_jan2022 Source: … Read more









