လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၂၂) ရက်နေ့၊ (၀၁:၄၉) နာရီအချိန်တွင် ဖြစ်ပွားသော ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၅)ရပ်ကွက်၊ မင်းဘူးလမ်း၌ မီးလောင် ကျွမ်းမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀,၀၀ဝ/-)ကျပ်၊ လူဦးရေ (၄)ဦး အတွက် ဆန်ရိက္ခာဖိုးငွေ(၈၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၈၄၀ဝ/-) ကျပ်အား (၄-၂-၂၀၂၂) ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#ygn_feb_2022
Source: ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)