လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၁-၂၀၂၂)ရက်နေ့ (၁၂:၃၀)အချိန်ခန့်တွင် လားရှိုးမြို့၊ ရက်ကွက်(၅)၊ နမ(၁၃)၊ (၅၆)လမ်း၊ အိမ်အမှတ်(င/၁၃/၆၃)၌ ခြင်ဆေးခွေမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးဘေးသင့်နေအိမ်(၁)လုံးအတွက် ထောက်ပံ့ငွေ(၂၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး အိမ်ထောင်စု(၁)စုစာအား (၁-၂-၂၀၂၂) ရက်နေ့တွင် မီးဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#shn_feb2022
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)