လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင် မြို့နယ်ဦးစီးမှူးမှ တာဝန်ရှိသူများသည် (၄.၂.၂၀၂၂) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန် တွင် ဖောင်းပြင်မြို့၊ မြို့မစည်ပင်သာယာ ဈေး၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီး ဌာန၊ ပြန်/ဆက်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ Covid-19 ဗီဇပြောင်းမျိုးကွဲ Omicron ကူးစက်ရောဂါကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_feb_2022
Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူး (ဘစမ)