မိုင်းထိဒဏ်ရာရပြည်သူအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၂-၂၀၂၂) ရက်နေ့(၁၁:၀၀) အချိန်ခန့်တွင် သီပေါမြို့နယ်၊ ကျင်သီးကျေးရွာအုပ်စု၊​ တွန်ဆောက်ကျေးရွာမှ ပြည်သူတစ်ဦးသည် ပြောင်းစိုက်ခင်းသို့သွားစဉ် လက်လုပ်မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့သဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူလျက်ရှိရာ အဆိုပါ ဒဏ်ရာရပြည်သူအတွက် ထောက်ပံ့ငွေ(၅၀,၀၀၀/-)ကျပ်အား (၅-၂-၂၀၂၂)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_otr

#shn_feb2022

Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events