ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ရေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၁)ရက်နေ့(၁၈း၁၅)ချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု၊ မန်အိုင်ကျေးရွာနေ ဒေါ်နှင်းဝေ(ဘ)ဦးစိုးမြင့် ၊ဗမာ/ဗုဒ္ဓ ကျောင်းဆရာမ၏ သွပ်မိုး၊ ထရံကာနေအိမ် အနောက်ဘက်ရှိ အုတ်တံတိုင်းပြိုကျခဲ့ပြီး နေအိမ်အတွင်းသို့ ရေများဝင်ရောက်ခဲ့သဖြင့် အုတ်ဖြင့်ကာရံထားသော အိမ်ခန်း(၃)ခန်းပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး(၃၀၀ဝ၀၀၀ိ/-)ဖြစ်ကြောင်းနှင့် ၎င်းဘေးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၉၀၀၀၀ိ/- )၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ ငွေ(၈၄၀၀ိ/-)စုစုပေါင်းထောက်ပံ့ငွေ (၉၈၄၀၀ိ/-)အား (၂၁-၉-၂၀၂၁) ရက်နေ့တွင် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #shn_sep_2021 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ရန်ကုန်တိုင်းဒေသကြီး (ဗဟိုသိုလှောင်ရုံ)နှင့် ဦးစီးမှူးရုံးသစ် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန အမြဲတမ်းအတွင်းဝန်/တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်သည်( ၂၂-၉-၂၀၂၁ ) ရက်နေ့ (၀၈း၀၀) နာရီအချိန်တွင် ဗဟိုသိုလှောင်ရုံ (ရန်ကုန်)မှ သိုလှောင်ရုံမှတ်(၅)၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လွှဲပြောင်းရရှိခဲ့သော သိုလှောင်ရုံအမှတ် (၆/၉/၁၀)တို့နှင့် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးသစ် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ #warehouse #ygn_sep2021 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာနှင့် ကွမ်လှာကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ်နှင့် COVID-19 ကူးစက်ရောဂါကာကွယ်ရေးအသိပညာပေးခြင်းတို့အား အသံချဲ့စက်များဖြင့် ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2021 Source: မုဒုံမြို့နယ်ဦးစီမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် မြေငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပ ပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် မြေငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲဝင်များနှင့်အတူ (၂၂-၉-၂၀၂၁) ရက်နေ့ (၀၉း၃၀) နာရီအချိန်မှ (၁၂း၃၀)နာရီအချိန်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာလူငယ်စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် (၂၂-၉-၂၀၂၁) ရက်နေ့ (၁၄း၀၀) နာရီအချိန်မှ (၁၆း၃၀)နာရီအချိန်တို့တွင် သက်ဆိုင်ရာဒီဂရီကောလိပ်နှင့် ဗဟိုလေ့ကျင့်ရေးကျောင်းတို့မှ ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊နည်းပြများ၊ ဝန်ထမ်းများနှင့်ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက် ခဲ့ပြီး ဘေး … Read more

  • ရေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခင်ဦးမြို့နယ်၊ ကျီးကန်ကျေးရွာအုပ်စု၊ ရေအေးကုန်းကျေးရွာတွင် (၂၂-၉-၂၀၂၁)ရက်နေ့(၀၇:၀၀)အချိန် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေလျှံ၍ ချောင်းပေါက်ကာ ကျေးရွာအတွင်း ရေများဝင်ရောက်သဖြင့် အိမ်ထောက်တိုင်များကျိုးပြီး ပြိုကျပျက်စီးမှုဖြစ်ပွားသည့် အိမ်ခြေ(၂)လုံး၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၆၈၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၁၆၈၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ (၂)အိမ်ထောင်စာတို့အား (၂၂-၉-၂၀၂၁)ရက်နေ့(၁၅း၀၀)နာရီအချိန်တွင် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #sgg_sep_2021 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ရေဘေးအန္တရာယ်အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် COVID-19 အသိပညာပေးဆိုင်းဘုတ် စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးနှင့် စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့၊ ပွင့်ဖြူ-စလင်း ကားလမ်းဘေး မီးပွိုင့်အနီး၊ ပွင့်ဖြုမြို့၊ လေးတိုင်စင်လမ်းဘေး၊ စလင်းမြို့၊ မြို့မစျေးကြီးရှေ့နှင့် ဝက်သည်းကန်ရှေ့တို့တွင် ရေဘေးအန္တရာယ်အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များနှင့် Covid- 19 အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များအား သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၂၂-၉-၂၀၂၁)ရက်နေ့၌ စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။     #ar_fld #ar #mgy_sep2021 Source:         မင်းဘူးခရိုင်ဦးစီးမှူးရုံး၊ စလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)