ရေဘေးအတွက် ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခင်ဦးမြို့နယ်၊ ကျီးကန်ကျေးရွာအုပ်စု၊ ရေအေးကုန်းကျေးရွာတွင် (၂၂-၉-၂၀၂၁)ရက်နေ့(၀၇:၀၀)အချိန် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေလျှံ၍ ချောင်းပေါက်ကာ ကျေးရွာအတွင်း ရေများဝင်ရောက်သဖြင့် အိမ်ထောက်တိုင်များကျိုးပြီး ပြိုကျပျက်စီးမှုဖြစ်ပွားသည့် အိမ်ခြေ(၂)လုံး၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၆၈၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၁၆၈၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ (၂)အိမ်ထောင်စာတို့အား (၂၂-၉-၂၀၂၁)ရက်နေ့(၁၅း၀၀)နာရီအချိန်တွင် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld
#sgg_sep_2021
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events