ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ကသာမြို့နယ်အတွင်းရှိ ပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်အတူပူးပေါင်း၍ (၇-၂-၂၀၂၃) ရက်နေ့တွင် (၁၀:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ပူးပြင်းခြောက်သွေ့ သောကာလသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ကသာမြို့နယ်အတွင်း ရှိပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်စပ်လျဉ်းသည့်  ဆောင်ရန်/ရှောင်ရန်များအား အသံချဲ့စက်ဖြင့် လိုက်လံအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_fir #sgg_feb_2023 Source:  ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ကသာမြို့နယ်၊ ကျန်တောကျေးရွာအုပ်စု၊ ကျန်တောကျေးရွာတွင် (၃.၂.၂၀၂၃)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်၌ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်၍ မီးလောင်ရာမှ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု(၂)စုမှ လူဦးရေ(၉)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၈၉၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၁၈၉၀ဝိ/-)ကျပ်နှင့် အဝတ်(Mask) (၁၈)ခု၊ Family Kit (၂)ပုံးတို့အား (၆.၂.၂၀၂၃)နေ့ (၁၄:၃၀) နာရီအချိန်ခန့်တွင် ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_feb_2023 Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(ရန်ကုန်)၌ သဘာဝဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၂-၂၀၂၃) ရက်နေ့ (၀၉:၃၀) နာရီမှ (၁၂:၀၀) အချိန်အထိ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(ရန်ကုန်)မှ ဖွင့်လှစ် သော မသန်စွမ်းကလေးများ လေ့ကျင့်သင်ကြားပေးသော ဌာနတွင်း ဆရာ၊ ဆရာမများသင်တန်း”၌ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၃၀) ဦးတို့အား “သဘာဝဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #yan_feb_2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စု၊ ကျောက်ပုံတောင်ကျေးရွာ၊ ‌မြောက်ဘက် (၅) ဖာလုံခန့်အကွာ ရာဘာခြံ၌ တောဆင်ရိုင်းဝင်ရောက်မှုကြောင့် သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉.၁.၂၀၂၃) ရက်နေ့တွင် လှည်းကူး ခရိုင်၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စု၊ ကျောက်ပုံတောင်ကျေးရွာ၏ မြောက်ဘက်(၅) ဖာလုံခန့်အကွာ ရာဘာခြံ၌ တောဆင်ရိုင်းဝင်ရောက်မှုကြောင့် သေဆုံးသူ (၁)ဦးအတွက် သေဆုံးထောက်ပံ့ ငွေ(၃၀၀,၀၀ဝ/-)ကျပ်အား (၃-၂-၂၀၂၃)ရက်နေ့တွင် လှည်းကူးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #otr #yan_feb_2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ကသာမြို့နယ်၊ လျှပ်စစ်ကုန်းရပ်ကွက်၌ မီးဘေး‌ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၂၃)ရက်နေ့ (၀၅း၁၀)နာရီအချိန်ခန့်၌ ကသာမြို့နယ်၊ လျှပ်စစ်ကုန်းရပ်ကွက်၌ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ (၂၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေ (၄၂၀၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၇၄၂၀၀၀/-)ကျပ်နှင့် Family Kits (၄)ပုံး၊ လူ(၁)ဦးလျှင်အဝတ် (Mask)(၂)ခုနှုန်းဖြင့် လူ(၂၀)ဦးအတွက် အဝတ်(Mask) (၄၀)ခုတို့အား ကသာမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၁-၂-၂၀၂၃) ရက်နေ့၊ (၁၆:၁၇)နာရီအချိန်တွင် ကွင်းဆင်းသွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း … Read more

  • ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာအုပ်စု၊ အနောက်ရဲ IDPs Camp မီးဘေး ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာအုပ်စု၊  အနောက်ရဲ IDPs Camp တွင် (၁၉-၁-၂၀၂၃) ရက်နေ့၌ ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် ဘေးသင့် (၁) အိမ်ထောင်စာအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)၊ လူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၄,၂၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁)အိမ်ထောင်စာတို့အား (၃၁-၁-၂၀၂၃)ရက်နေ့၊ (၁၁:၃၀)နာရီအချိန်ခန့်တွင် ပေါက်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ မီးဘေး သင့်ပြည်သူများ … Read more