လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည် တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ထော်သိုကျေးရွာအုပ်စု၊ ထော်သိုကျေးရွာ၌ (၁-၁၂-၂၀၂၂) ရက်နေ့ (၃း၃၀)အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံးပြိုကျပျက်စီး၊ နေအိမ်(၈)လုံး အမိုးလန်ပျက်စီးခဲ့ပြီး စုစုပေါင်းနေအိမ်(၁၀)လုံး၊ အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၄၁)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် အဆိုပါ လေဘေးသင့်ပြည်များအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၆၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၈၆,၁၀၀)ကျပ်၊ ကယ်ဆယ်ပစ္စည်း (၁၅)မျိုး (၂)အိမ်ထောင်စာနှင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၆၄၆,၁၀၀)ကျပ်အား (၂-၁၂-၂၀၂၂) ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • ကျိုက်မရောမြို့နယ်မှ နယ်မြေလုံခြုံရေးအရ မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာဘုန်းကြီးကျောင်း နှင့် နေအိမ်များသို့ ရောက်ရှိလာသော တိုက်ပွဲရှောင် ပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၂၂) ရက်နေ့တွင် ကျိုက်မရောမြို့နယ် မှ နယ်မြေလုံခြုံရေးအရ မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာဘုန်းကြီးကျောင်းနှင့် နေအိမ်များသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ (၃၄၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၇၂၄,၅၀၀/-) ကျပ်တို့အား (၂၈-၁၁-၂၀၂၂) ရက်နေ့၊ (၁၄:၃၀) နာရီ အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #mon_Nov2022 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု(ပါဠိမဉ္ဇူ)သီလရှင်စာသင်တိုက် မီးဘေးအတွက် ထောက်ပံ့မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၂၂) ရက်နေ့ (၀၇:၄၀) နာရီအချိန် ခန့်တွင် သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု(ပါဠိမဉ္ဇူ)သီလရှင်စာသင်တိုက်တွင် မီးလောင်မှုကြောင့် လုံးဝပျက်စီးခဲ့သည့် စာသင်တိုက် ( ၁ ) လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-)ကျပ်အား (၂၉-၁၁-၂၀၂၂)ရက်နေ့ (၁၂:၀၀) နာရီအချိန်ခန့်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ha_fir #mon_Nov2022 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ညောင်တုန်းမြို့နယ်၊ ဆင်ထုံးကျေးရွာအုပ်စု၊ ရွှေဟင်္သာကျွန်း(အထက်စု)ကျေးရွာ လေဘေးသင့်နေအိမ် အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ‌ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ဆင်ထုံးကျေးရွာ အုပ်စု၊ ရွှေဟင်္သာကျွန်း(အထက်စု)ကျေးရွာ၌ (၂၈-၁၁-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ(၈,၄၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀,၀၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁) ပုံးတို့အား (၂၉-၁၁-၂၀၂၂) ရက်နေ့တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_Nov2022 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ‌ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၁-၂၀၂၂)ရက်နေ့တွင် လူမှု ဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်းပြုလုပ်သော (Quick – Win Project) ၌ ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးခရိုင်၊ ဒလမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေး‌ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_Nov2022 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် ဧရာ၀တီတိုင်း​ဒေသကြီး လူမှု၀န်ထမ်းဦးစီးဌာန နှင့်ပူး​ပေါင်း၍ (၂၇-၁၁-၂၀၂၂)ရက်​နေ့တွင် ပုသိမ်ခရိုင်၊ ကန်ကြီး​ထောင့်မြို့နယ်၊ ၀ဲကြီး​ကျေးရွာအုပ်စု၊ ၀ဲကြီး​ကျေးရွာရှိ ရွာသူ/သား (၆၀)ဦးခန့်အား ဦးစီးဌာန၏ လုပ်ငန်းများ၊ ​ထောက်ပံ့​ဆောင်ရွက်​နေမှုများ၊ သဘာ၀​ဘေးနှင့်ပတ်သက်​သော အသိပညာဗဟုသုတများနှင့် ဆောင်ရန်/​ရှောင်ရန်များအား အသိပညာ​ပေး​ဆွေး​နွေး​ပြောကြားခဲ့ပြီး မုန်တိုင်းဘေးအသိပညာ​ပေးဗီနိုင်းနှင့် လက်ကမ်းစာ​စောင်များဖြန့်​ဝေပေးခဲ့ ပါအကြောင်း သတင်းရရှိပါသည်။ ​​​ #ar #ayy_Nov2022 Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)