ကသာမြို့နယ်၊ လျှပ်စစ်ကုန်းရပ်ကွက်၌ မီးဘေး‌ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၂၃)ရက်နေ့ (၀၅း၁၀)နာရီအချိန်ခန့်၌ ကသာမြို့နယ်၊ လျှပ်စစ်ကုန်းရပ်ကွက်၌ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ (၂၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေ (၄၂၀၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၇၄၂၀၀၀/-)ကျပ်နှင့် Family Kits (၄)ပုံး၊ လူ(၁)ဦးလျှင်အဝတ် (Mask)(၂)ခုနှုန်းဖြင့် လူ(၂၀)ဦးအတွက် အဝတ်(Mask) (၄၀)ခုတို့အား ကသာမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၁-၂-၂၀၂၃) ရက်နေ့၊ (၁၆:၁၇)နာရီအချိန်တွင် ကွင်းဆင်းသွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir
#sgg_feb_2023
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events