လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည်  လူမှု၀န်ထမ်းဦးစီးဌာနနှင့်ပူး​ပေါင်း၍ (၂၂-၁၁-၂၀၂၂) ရက်​နေ့တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ (အ.လ.က -၄)မြက်တို၊ အလယ်တန်း​ကျောင်းခွဲရှိ ​ကျောင်းသား/သူ (၁၅၀)ဦးခန့်တို့အား ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ​ထောက်ပံ့​ဆောင်ရွက်​နေမှုများ၊ သဘာ၀​ဘေးအန္တရာယ်နှင့်ပတ်သက်​သော အသိပညာဗဟုသုတများနှင့် ဆောင်ရန်/​ရှောင်ရန် များအား အသိပညာ​ပေး​ဆွေး​နွေး​ပြောကြားခဲ့ပြီး မီး​ဘေးအသိပညာ​ပေးဗီနိုင်းနှင့် လက်ကမ်းစာ​စောင်များ ဖြန့်​ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_Nov2022 Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာအုပ်စု၊ (ပေါက်ချောင်း၊ ကျောင်းတော်ကလေး၊ တောကျောင်း အထက်နှင့် နံဂါတ်ရိုး)ကျေးရွာတို့၌ (၁၉-၁၁-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁၅)လုံး၊ အိမ်ထောင်စု (၁၅)စုမှ လူဦးရေ (၅၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁,၅၀၀,၀၀ဝ/-)၊ ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၁၂၃,၉၀ဝ/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁,၆၂၃,၉၀ဝ/-)နှင့် ကာဘော်လိပ်ဆပ်ပြာ(၁၅)တောင့်တို့အား(၂၁-၁၁-၂၀၂၂) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင်လည်းကောင်း၊ … Read more

  • မြောင်းမြမြို့နယ်၊ ကျေးရွာ(၃)ရွာ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ဖျက်သိမ်းရသည့် နေအိမ်များမှ ပြည်သူများသို့ ထောက်ပံ့

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်စီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၂၂)ရက်နေ့တွင် မြောင်းမြမြို့နယ်၊ ဟင်္သာဒုံးကျေးရွာအုပ်စု၊ ရွာမကျေးရွာ၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာနှင့် ဘွတ်တန်းကျေးရွာအုပ်စု၊ ရေချမ်းစုကျေးရွာတို့၌ ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ကြရသည့်နေအိမ်(၉)လုံးအတွက်  အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀,၀၀၀/-)ကျပ်နှင့် အဆိုပါနေအိမ်များမှ ပြည်သူ (၄၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၉၂,၄၀၀/-)ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၉၉၂,၄၀၀/-)ကျပ်အား (၂၁-၁၁-၂၀၂၂)ရက်နေ့၊ (၁၃:၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ha_rbe #ayy_nov, 2022 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် မံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (Quick- Win Programme)အရ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၅-၁၁-၂၀၂၂)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီမှ (၁၂:၀၀)နာရီအထိ ကသာခရိုင်၊ ကသာမြို့ပေါ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ၌ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ ဦးရေ (၁၀၀)ခန့်အား သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာများ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်ဘေးနှင့်ပတ်သက်၍ . သရုပ်ဖော်ပြသခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ၊ ငလျင်ဘေးအသိပညာပေး နံရံကပ်ပိုစတာများ ဖြန့်ဝေခြင်း တို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (Quick- Win Programme)အရ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၄-၁၁-၂၀၂၂)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီမှ (၁၂:ဝဝ)နာရီအထိ ကသာခရိုင်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ မလိခခန်းမ၌ ဆရာ/ ဆရာမ၊ ကျောင်းသား/ကျောင်းသူ ဦးရေ (၄ဝဝ)ခန့်အား သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာများ ဆွေးနွေးဟောပြောခြင်း၊ ငလျင်ဘေးနှင့်ပတ်သက်၍ သရုပ်ဖော်ပြသခြင်းနှင့် သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_nov2022

  • သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်) မှ တာဝန်ရှိသူများသည် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ စိုက်ပျိုးရေးလမ်း၊ ဦးရွှေရိုးလမ်းသွယ်အတွင်း (၁၁-၁၁-၂၀၂၂) ရက်နေ့၌ နေအိမ်ဘုရားစင်တွင် အမွှေးတိုင်မီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှုကြောင့် လုံးဝပျက်စီးအိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂) အိမ်ထောင်စာတို့အား (၁၂-၁၁-၂၀၂၂) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် သန်လျင်မြို့နယ်၊ … Read more