ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း - သုံးခွမြို့နယ်၊ လေးလမ်းဆုံ၌ အများပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များ အသိပညာပေး လှည့်လည်နှိုးဆော်ဆောင်ရွက်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၃)ရက်နေ့၊ (၀၈:၀၀) အချိန်မှ (၁၀:၃၀)အချိန်အထိ စမတောင်ပရဟိတကျောင်းတွင် ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ၊ မီးသတ် ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ပရဟိတအဖွဲ့များ၊ စမတောင် ပရဟိတကျောင်းမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၀) ဦးတို့ဖြင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #simex_eqk #npw_mar2023 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ဒေါင့်ကြီးဘက်ကျေးရွာအုပ်စု၊ သရက်ချောင်းကျေးရွာ ခန့်မှန်းမြေပုံညွှန်း (GQ-185236)၌ ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ဒေါင့်ကြီးဘက်ကျေးရွာ အုပ်စု၊ သရက်ချောင်းကျေးရွာ ခန့်မှန်းမြေပုံညွှန်း(GQ-185236)၌ (၃၁-၃-၂၀၂၃)ရက်နေ့ (၁၂း၅၀) အချိန်တွင် ဖြစ်ပွားခဲ့သာမီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၆၀၀၀၀၀ိ/-)၊ အိမ်ထောင်စု(၆)စုမှစုစုပေါင်းလူဦးရေ(၂၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၅၈၈၀၀ိ/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ(၆၅၈၈၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုးပါ(၆)အိမ်ထောင်စာ(၂၉၄၂၁၆/-)အား (၂-၄-၂၀၂၃)ရက်နေ့ (၁၇း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည့်သူများလက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_apr2023 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • အင်္ဂပူမြို့နယ်၊​​​ ကံဘတ်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊​​​ ကံဘတ်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၌ (၁၇-၃-၂၀၂၃)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာရန်ပုံငွေ (၈၄၀ဝိ/-) စုစုပေါင်းထောက်ပံ့ငွေ (၁၀၈၄၀ဝိ/-)တိတိနှင့် Surgical Mask (၈)ခုတို့ကို (၃၁-၃-၂၀၂၃) ရက်နေ့၊ (၁၅:၀၀) အချိန်တွင်‌ အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်၀ယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_mar2023 Source: အင်္ဂပူမြို့နယ်ဦးစီးမှုးရုံး (ဘစမ)

  • ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုသတင်း  

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့်ပူးပေါင်း၍ မုဒုံမြို့နယ်၊ မြို့မ(၃)ရပ်ကွက်တွင် (၃၁-၃-၂၀၂၃)ရက်နေ့၊ နံနက်(၁၀းဝဝ)နာရီမှ (၁၁း၃၀)နာရီအထိ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများအား ပြည်သူ များသိရှိစေရန် အသံချဲ့စက်များဖြင့် လိုက်လံအသိပေးကြေညာခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_eqk #mon_mar2023 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • စက်ရေတွင်း၊အုတ်ရေကန်နှင့် ရေတင်စက်ရုံတည်ဆောက်နိုင်ရန် ထောက်ပံ့ပြီးစီးမှုတင်ပြခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး သို့ ရပ်ကွက်(၁၂)၊ နယ်မြေ(၂၀)၊ ကချင်ကုန်းဒေသမှ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ရပ်မိရပ်ဖများသည်၎င်းတို့၏ ရပ်ကွက်နယ်မြေအတွင်း ရေဖြန့်ဝေမှု မရရှိသဖြင့် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေပါသောကြောင့် ရပ်ကွက်အတွင်းရှိ ဆုံကွယ်ကျေးရွာ၊ အများပိုင်နတ်နန်း၊ ရပ်ကွက်ဓမ္မာရုံမြေနေရာတွင် (၄”)စက်ရေတွင်း၊ပေ(၄၀၀)ခန့်၊ (၁၅၀၀)ဆံ့အုတ်ရေကန်နှင့် ရေတင်စက်ရုံတည်ဆောက်နိုင်ရေးအတွက်  ထောက်ပံ့ပေးနိုင်ရေးတင်ပြလာမှုအပေါ် လားရှိုးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၃) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ သက်ဆိုင်ရာရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ရပ်မိရပ်ဖများထံသို့ (၄”)စက်ရေတွင်းပေ (၄၀၀)၊ ဂါလန်(၁၅၀၀)ဆံ့အုတ်ရေကန်နှင့် … Read more

  • ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ (၂၉.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီမှ(၁၁း၃၀)နာရီအထိ မုဒုံမြို့နယ်၊ မြို့မ(၁)ရပ်ကွက်နှင့် (၃၀.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီမှ(၁၁း၃၀)နာရီအထိ မုဒုံမြို့နယ်၊ မြို့မ(၂)ရပ်ကွက်တို့တွင် ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများအား ပြည်သူများသိရှိစေရန်အသံချဲ့စက်များဖြင့် အသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_ar #mon_mar_2023 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)