အင်္ဂပူမြို့နယ်၊​​​ ကံဘတ်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊​​​ ကံဘတ်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၌ (၁၇-၃-၂၀၂၃)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာရန်ပုံငွေ (၈၄၀ဝိ/-) စုစုပေါင်းထောက်ပံ့ငွေ (၁၀၈၄၀ဝိ/-)တိတိနှင့် Surgical Mask (၈)ခုတို့ကို (၃၁-၃-၂၀၂၃) ရက်နေ့၊ (၁၅:၀၀) အချိန်တွင်‌ အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်၀ယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ayy_mar2023

Source: အင်္ဂပူမြို့နယ်ဦးစီးမှုးရုံး (ဘစမ)

Sign Up

Upcoming Events