စက်ရေတွင်း၊အုတ်ရေကန်နှင့် ရေတင်စက်ရုံတည်ဆောက်နိုင်ရန် ထောက်ပံ့ပြီးစီးမှုတင်ပြခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး သို့ ရပ်ကွက်(၁၂)၊ နယ်မြေ(၂၀)၊ ကချင်ကုန်းဒေသမှ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ရပ်မိရပ်ဖများသည်၎င်းတို့၏ ရပ်ကွက်နယ်မြေအတွင်း ရေဖြန့်ဝေမှု မရရှိသဖြင့် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေပါသောကြောင့် ရပ်ကွက်အတွင်းရှိ ဆုံကွယ်ကျေးရွာ၊ အများပိုင်နတ်နန်း၊ ရပ်ကွက်ဓမ္မာရုံမြေနေရာတွင် (၄”)စက်ရေတွင်း၊ပေ(၄၀၀)ခန့်၊ (၁၅၀၀)ဆံ့အုတ်ရေကန်နှင့် ရေတင်စက်ရုံတည်ဆောက်နိုင်ရေးအတွက်  ထောက်ပံ့ပေးနိုင်ရေးတင်ပြလာမှုအပေါ် လားရှိုးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၃) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ သက်ဆိုင်ရာရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ရပ်မိရပ်ဖများထံသို့ (၄”)စက်ရေတွင်းပေ (၄၀၀)၊ ဂါလန်(၁၅၀၀)ဆံ့အုတ်ရေကန်နှင့် ရေတင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် ငွေကျပ်(၉၅၀၀၀၀၀/-)(ကိုးဆယ့်ငါးသိန်းတိတိ) အား လွှဲပြောင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#ha_otr

#shan_mar_2023

Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events