ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ (၂၉.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီမှ(၁၁း၃၀)နာရီအထိ မုဒုံမြို့နယ်၊ မြို့မ(၁)ရပ်ကွက်နှင့် (၃၀.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီမှ(၁၁း၃၀)နာရီအထိ မုဒုံမြို့နယ်၊ မြို့မ(၂)ရပ်ကွက်တို့တွင် ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများအား ပြည်သူများသိရှိစေရန်အသံချဲ့စက်များဖြင့် အသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_ar
#mon_mar_2023
Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events