Latest News
-
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၈- ၁၀ -၂၀၂၆ ) ရက်နေ့တွင် စူပါအယ်နီညိုဖြစ်စဉ်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ပူပြင်းခြောက်သွေ့ သောကာလတွင် ကျရောက်တက်သည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် အချက်များအား ပြည်သူ လူထုသိရှိစေရန်အတွက် ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ ဈေးရပ်ကွက် နှင့် ဆေးရုံရပ်ကွက်တို့တွင် သွားရောက်၍ ဝါးခယ်မမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှတာဝန်ရှိသူများ၊ မြန်မာနိင်ငံရဲတပ်ဖွဲ့၊ စည်ပင် သာယာရေးကော်မတီ၊ မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ … Read more
-
ဘားအံမြို့နယ်ရှိ အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၅.၁၀.၂၀၂၆)ရက်နေ့တွင် ဘားအံမြို့နယ် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့်ပူးပေါင်း၍ ပြည်သူများထံသို့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များပါ၀င်သော အသိပညာပေး လက်ကမ်းစာစောင်များအား လူစည်ကားရာနေရာများဖြစ်သည့် ဘားအံတက္ကသိုလ်မီးပွိုင့်၊ အမှတ်(၁) မြို့မဈေးကြီး၊ နာရီစင်မီးပွိုင့်၊ မြို့မဘောလုံးကွင်းတို့၌ ဝေငှခဲ့ခြင်းများတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ဘားအံမြို့၊ အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဘားအံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ အယ်လ်နီညို ရာသီဥတုဖြစ်စဉ် နှင့်ပတ်သက်၍ ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်း ဟောပြော ဆွေးနွေးခြင်းတွင် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦး ဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ရပ်ကွက်(သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင် ရည်မြင့်မားရေးသင်တန်း (၃/၂၀၂၆) တွင် (၁၃-၁၀-၂၀၂၆)ရက်နေ့၊ (၁၀:၀၀)နာရီမှ(၁၂:၀၀) နာရီအချိန်အထိ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ar_Oct_2026 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၀-၂၀၂၆) ရက်နေ့တွင် အပြည်ပြည် ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (IDDRR Day) လှုပ်ရှားဆောင်ရွက်မှု အနေဖြင့် မြောင်းမြမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ် (၆) ရပ်ကွက်နှင့် အမှတ် (၇) ရပ်ကွက်ရှိ ပြည်သူများအား စူပါအယ်နီညိုဖြစ်စဉ်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ပူပြင်း ခြောက်သွေ့ သောကာလတွင် ကျရောက်တက်သည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်အချက်များ အသိပညာ ပေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန၊ … Read more
-
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၀-၂၀၂၆) ရက်နေ့တွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့်စပ်လျဉ်းသည့် Talk Show အစီအစဉ် ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ar_Oct_2026 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၉-၂၀၂၆)ရက်နေ့၊ ညနေ (၅) နာရီ အချိန် မှစ၍ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ(Denko ဆီဆိုင်လမ်းဆုံ)၊ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့တွင် လတ်တလောဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep_2026 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး









