ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၌ စူပါအယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့်စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း  - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စူပါအယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့်စပ်လျဉ်းသည့် Talk Show ပြုလုပ်မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ် (၁၀)ရပ်ကွက်များ၌ စူပါအယ်လ်နီညိုအပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက် မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း - အိမ်မဲမြို့နယ်ရှိ ချောင်းဝရပ်ကွက်၊ အိမ်မဲကြီးရပ်ကွက်နှင့် အထက်ပိုင်းရပ်ကွက်တို့၌ စူပါအယ်နီညို ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်ရှိ အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း
Revolution Slider Error: The param width not found in slider params.

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • မီးဘေး၊ ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ (၁၉-၂-၂၀၂၀) ရက်နေ့ နံနက် ( ၁၁:၀၀) နာရီချိန်တွင် မိုင်းတုံမြို့နား ကောင်းမူ(အထက)ကျောင်းရှိ ကျောင်းသား၊ကျောင်းသူ (၃၀၀)ဦးအား  မီးဘေး၊ ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆွေးနွေးပြောကြားပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ar #shn_feb2020 Source:             မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၂၀) ရက်နေ့ နံနက် (၉:၀၀) နာရီမှ (၁၀:၃၀)အချိန်ထိ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့၊ အ.ထ.က(မြို့မ)၌ ကျောင်းသူ/သား (၇၀၀)ဦးခန့်ကို လည်းကောင်း၊ (၁၀:၄၀)အချိန်မှ (၁၂:၂၀) အချိန်ထိ နမ့်စန်မြို့၊ အ.ထ.က(နမ့်စန်)၌ ကျောင်းသူ/သား(၆၀၀)ဦးခန့်ကိုလည်းကောင်း ဌာန၏လုပ်ငန်းတာဝန်များ၊ ငလျင်ဘေး၊ မီးဘေးနှင့် မြေပြိုဘေးများကို ရှင်းလင်းပြောကြားသရုပ်ပြ၍ လက်ကမ်းစာစောင်များဝေငှပြီး မေးမြန်းသည်များကို ဖြေကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_feb2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၉-၂-၂၀၂၀)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီမှ (၁၁:၃၀)နာရီအထိ ဇီးဖြူတောင်ကျေးရွာ၊ ဇီးဖြူတောင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သဘာဝဘေးအန္တရယ်ဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးခြင်းနှင့် စပ်လျဉ်း ၍ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းအား ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း(၁၀၀)ဦးဖြင့် ဟောပြောဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ar #mgy_feb2020 Source:             ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) ။

  • ဒဏ်ရာရပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ ဝါးခွပ် ချောင်းကျေးရွာမှ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကျည်စထိမှန်ကာ ဒဏ်ရာ ရရှိပြီး စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန်ရောက်ရှိလာသည့် ဒဏ်ရာရလူနာ(၁)ဦး အတွက် ထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်အား (၁၉-၂-၂၀၂၀) ရက်တွင် ဆေးရုံသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_feb2020 Source: ရခိုင်ပြည်နယ်ဦးစီးမှူရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအား‌ ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မြောက်ရပ်ကွက်၊ ဘုရားခြောက်ဆူလမ်းတွင် (၁၇.၂.၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၂၁၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀ဝိ/-) ရန်ပုံငွေစုစုပေါင်း(၁၀၂၁၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စုစာတို့အား (၁၈.၂.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၄:၃၀)နာရီအချိန်တွင် မင်းလှမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir #mgy_feb2020 Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • နေ့စဉ်တိုင်းတာရရှိသည့် လေအရည်အသွေး (PM2.5) အခြေအနေများ

    (၁၂-၂-၂၀၂၀)ရက်နေ့မှ (၁၈-၂-၂၀၂၀)ရက်နေ့အထိ မိုးလေဝသနှင့် ဇလဗေ ဒညွန်ကြားမှုဦးစီးဌာန၊ ရန်ကုန်(ကမ္ဘာအေး) စခန်းက နေ့စဉ်တိုင်းတာရရှိသည့် လေအရည်အသွေး (PM2.5) အခြေအနေများကို  ဖော်ပြထားပါသည်။