
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ ဝါးခွပ် ချောင်းကျေးရွာမှ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကျည်စထိမှန်ကာ ဒဏ်ရာ ရရှိပြီး စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန်ရောက်ရှိလာသည့် ဒဏ်ရာရလူနာ(၁)ဦး အတွက် ထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်အား (၁၉-၂-၂၀၂၀) ရက်တွင် ဆေးရုံသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#rke_feb2020
Source: ရခိုင်ပြည်နယ်ဦးစီးမှူရုံး (ဘစမ)