Latest News
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁.၃.၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ပရယ်တော်ကျေးရွာသို့ ရေသယ်ယာဉ်(၁)စီးဖြင့် သောက်သုံးရေ ဂါလံ (၃၂၀၀)အား သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_mar2020 source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁-၃-၂၀၂၀) ရက်နေ့ (၁၀:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ကနီမြို့နယ်မဲဒင်ကျေးရွာအုပ်စု၊ မဲဒင်(မ)ကျေးရွာ၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရပ်မိရပ်ဖများသည် လေပြင်းဘေးကြိုတင်ကာကွယ်ရေးပြုလုပ်ရန်လိုအပ်မည့် နေအိမ်(၄၉)လုံးအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # otr_sgw #sgg_mar2020
-
ရေကြည်မြို့နယ်တွင် ဆောက်လုပ်လျက်ရှိသော Shelter (၅)လုံး အရည်အသွေးပြည့်မီစွာ အမြန်ဆုံးပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေကျင်းပမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၂-၂၀၂၀)ရက်နေ့ (၁၁၀၀)နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်ရေကြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်နေသည့် Shelter (၅)လုံးနှင့်ပတ်သက်၍ ရေကြည်မြို့နယ် Shelter လုပ်ငန်းကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် Shelter ဆောက်လုပ်သည့် ကုမ္ပဏီတာဝန်ခံများနှင့်တွေ့ဆုံပြီး လုပ်ငန်းအားလုံး သတ်မှတ်ကာလအတွင်း အမြန်ပြီးပြတ်စွာဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည့် အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး၊ ရေကြည်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ # otr … Read more
-
ရေကြည်မြို့နယ်ဦးစီးမှူးရုံးတည်ဆောက်မှုအားကွင်းဆင်းစစ်ဆေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၂-၂၀၂၀)ရက်နေ့(၀၉:၀၀)နာရီအချိန်တွင် ရေကြည်မြို့နယ်ဦးစီးမှူးရုံး (၅၀’ x ၄၀’ x ၂၈’) RCC (၂)ထပ် သွပ်မိုး၊ ကွန်ကရစ်ကြမ်းခင်း၊ ရေ၊ မီး၊ မိလ္လာအပါအဝင် ဆောက်လုပ်ခြင်းလုပ်ငန်းအား ဝင်းထက်ကျော်ကုမ္ပဏီမှ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # otr #ayy_mar2020
-
မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၂-၂၀၂၀)ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ကုန်ရုံလမ်းတွင် ဖြစ်ပွားသော မီးဘေးကြောင့် မီးလောင်ကျွမ်းခဲ့သော အိမ်ထောင်စု(၁၀)စု၊ လူဦးရေ (၃၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၇၉၈၀၀/-)ကျပ်၊နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁၀) အိမ်ထောင်စာတို့အား (၂၉-၂-၂၀၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီများ ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာ့လူမှုအကျိုးပြုပရဟိတ (စံပြ) ထူးချွန်ဆု ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်မှုသတင်း
ဖေဖော်ဝါရီလ၊ ၂၉ ၊ ရန်ကုန် ၂၀၁၉ ခုနှစ်အတွက် မြန်မာ့လူမှုအကျိုးပြုပရဟိတ (စံပြ) ထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနား ကို ရန်ကုန်မြို့၊ Myanmar Convention Center တွင် ယနေ့မွန်းလွဲပိုင်း၌ Hope Charity Myanmar Foundation က ဦးဆောင်၍ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဦးတင်မောင်ထွန်း၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို နိုင်ငံတော်သီချင်းတီးခတ်၍ စတင်ဖွင့်လှစ်ပြီး … Read more









