
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၂-၂၀၂၀)ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ကုန်ရုံလမ်းတွင် ဖြစ်ပွားသော မီးဘေးကြောင့် မီးလောင်ကျွမ်းခဲ့သော အိမ်ထောင်စု(၁၀)စု၊ လူဦးရေ (၃၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၇၉၈၀၀/-)ကျပ်၊နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁၀) အိမ်ထောင်စာတို့အား (၂၉-၂-၂၀၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီများ ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#ayy_feb2020