ရေကြည်မြို့နယ်တွင် ဆောက်လုပ်လျက်ရှိသော Shelter (၅)လုံး အရည်အသွေးပြည့်မီစွာ အမြန်ဆုံးပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေကျင်းပမှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၂-၂၀၂၀)ရက်နေ့ (၁၁၀၀)နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်ရေကြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်နေသည့် Shelter (၅)လုံးနှင့်ပတ်သက်၍ ရေကြည်မြို့နယ် Shelter လုပ်ငန်းကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် Shelter ဆောက်လုပ်သည့် ကုမ္ပဏီတာဝန်ခံများနှင့်တွေ့ဆုံပြီး လုပ်ငန်းအားလုံး သတ်မှတ်ကာလအတွင်း အမြန်ပြီးပြတ်စွာဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည့် အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး၊ ရေကြည်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

# otr
#ayy_mar2020
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events