Latest News
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၃-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီမှ (၁၆:၀၀) နာရီအချိန်အထိ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက်ရန်လျာထားသည့် နေအိမ် (၂၀၀) လုံးအနက်မှ မကွေးမြို့နယ်၊ ကြည်တစ်လုံးကျေးရွာနှင့် လိပ်ကန်ကျေးရွာတို့ရှိ နေအိမ် (၃၀) လုံးအား လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #sgw #mgy_mar2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၃-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၆:၃၀)နာရီအချိန်အထိ ဇီးပြားကျေးရွာအုပ်စု၊ အန်းတားကျေးရွာ၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များပြုပြင်ခြင်းကို မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာပြည်သူလူထုတို့နှင့် ပူးပေါင်း၍ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #sgw #mgy_mar2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မိုင်းထိပြည်သူအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၃-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ စခန်းသာကျေးရွာအုပ်စု၊ ခမ်းဆာကျေးရွာအနီးတွင် မိုင်းနင်းမိ၍ သေဆုံးသူ(၂)ဦးအတွက် ထောက်ပံ့ငွေ (၆၀၀,၀၀ဝ)ကျပ်အား (၁၂-၃-၂၀၂၀) ရက်နေ့(၁၂:၀၀)နာရီအချိန်တွင် ကျန်ရစ်သူ မိသားစုဝင်များလက်၀ယ်အရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #shn_mar2020 Source: ကျောက်မဲခရိုင်ဉီးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးဟောပြောပွဲသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၂၀)ရက်နေ့တွင် စစ်တွေမြို့နယ်၊ သက္ကေပြင်ရွာမကျေးရွာ(ကမန်)တွင် ကျေးရွားသူ/သား (၁၂၀)ဦးတို့အား နံနက်ပိုင်းတွင် လည်းကောင်း၊ ငပွန်းကြီးကျေးရွာ(ဘင်္ဂါလီ)တွင် ကျေးရွာသူ/သား (၁၅၀)ဦးတို့အား နေ့လည်ပိုင်းတွင် လည်းကောင်း၊ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာဆောင်များ ဝေငှခြင်း ယမ်ယမ်ခေါက်ဆွဲထုပ်နှင့် ကော်ဖီမစ်ထုတ်များ ဝေငှခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #rke_mar2020
-
ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၃.၂၀၂၀)ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ဆတ်ကျွန်းကျေးရွာအုပ်စုဦ၊ ဆတ်ကျွန်းကျေးရွာတွင် လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များအား ဖြည့်စွက်ပြင်ဆင်ခြင်းလုပ်နိုင်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_mar2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၃-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရွာမရပ်ကွက်၊ ရွာမ(၄)လမ်းနှင့် ရွာမ(၅)လမ်းတို့တွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်ပျက်စီး နေအိမ် (၄) လုံးတို့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀,၀၀၀)ကျပ်၊ ပျက်စီးနေအိမ် (၄)လုံးရှိ လူဦးရေ (၁၄) ဦးတို့အတွက် ဆန်ရိက္ခာ (၇) စာဖိုးထောက်ပံ့ငွေ (၂၉,၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၈၂၉,၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုးပါ (၄) အိမ်ထောင်စာတို့အား (၁၂-၃-၂၀၂၀)ရက်နေ့(၁၂:၀၀)အချိန်တွင် လွှတ်တော် … Read more









