မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

12_Pic_01 12_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၃-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရွာမရပ်ကွက်၊ ရွာမ(၄)လမ်းနှင့် ရွာမ(၅)လမ်းတို့တွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်ပျက်စီး နေအိမ် (၄) လုံးတို့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀,၀၀၀)ကျပ်၊ ပျက်စီးနေအိမ် (၄)လုံးရှိ လူဦးရေ (၁၄) ဦးတို့အတွက် ဆန်ရိက္ခာ (၇) စာဖိုးထောက်ပံ့ငွေ (၂၉,၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၈၂၉,၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုးပါ (၄) အိမ်ထောင်စာတို့အား (၁၂-၃-၂၀၂၀)ရက်နေ့(၁၂:၀၀)အချိန်တွင် လွှတ်တော် ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ မီးဘေးသင့်ပြည်သူများ၏ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#bgo_mar2020
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events