လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၃-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ စခန်းသာကျေးရွာအုပ်စု၊ ခမ်းဆာကျေးရွာအနီးတွင် မိုင်းနင်းမိ၍ သေဆုံးသူ(၂)ဦးအတွက် ထောက်ပံ့ငွေ (၆၀၀,၀၀ဝ)ကျပ်အား (၁၂-၃-၂၀၂၀) ရက်နေ့(၁၂:၀၀)နာရီအချိန်တွင် ကျန်ရစ်သူ မိသားစုဝင်များလက်၀ယ်အရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ကျောက်မဲခရိုင်ဉီးစီးမှူးရုံး (ဘစမ)