လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း - အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း - ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊‌ နယ်မြေ(၁၃)၌ မီးဘေးထောက်ပံ့မှုသတင်း - လေသာကျောင်း ယာယီ​ရေ​ဘေးကယ်ဆယ်​ရေးစခန်းနှင့် မိုးလုံလေလုံ ယာယီ​ရေ​ဘေးကယ်ဆယ်​ရေး စခန်းတို့တွင် ရေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မြိင်ကလေးစျေး၊ မြိုင်ကလေးကျေးရွာတို့၌  အသိပညာပေး ဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ ကူးဆိပ်ကျေးရွာ၊ လှာကာကျေးရွာ၊ ဘားပုကျေးရွာ၊ မုက္ကဒိကျေးရွာတို့၌ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - ဘားအံမြို့နယ်၊ တရုတ်လှစံပြကျေးရွာ၊ ဘားကပ်ဈေး၊ ဘားကပ်ကျေးရွာ၊ ကော့ဂွန်းကျေးရွာ၊ နှစ်ခြားကျေး ရွာ၊ ရသေ့ပျံကျေးရွာတို့၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၄၊ ၆၊ ၇၊ ၈)ရပ်ကွက်၊ သီရိဈေး၊ မြို့မဈေးကြီး၊ ကမော့ကစင်ရွာသစ်၊ ရဲသာရွာသစ်၊ နောင်လိုင်တို့၌  အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အမှတ်(၁၊ ၂၊ ၃၊ ၅၊ ၉) ရပ်ကွက်၊ လှာကမြင်စျေး၊ လှာကမြင်ကွက် သစ်တို့၌ အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လက်ခုပ်ကျေးရွာအုပ်စု၊ လက်ခုပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးထောက်ပံ့မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၂၉-၃-၂၀၂၀)နေ့တွင် Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကော်မတီများနှင့်အတူ ကသာမြို့ဝင် မြို့ထွက်ဂိတ်များတွင် ပြည်သူလူထုအား ကူးစက်ရောဂါရှိ/မရှိ စစ်ဆေး၍ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_mar2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀)ရက်နေ့တွင် သရက်မြို့နယ်အတွင်းရှိ အကောက်တဲကျေးရွာ၊ ဇော်ဂျီရပ်ကွက်၊ ရထားဘူတာအနီးရှိစျေးနှင့် အ.ထ.က(၁)လမ်းဆုံတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #mgy_mar2020 Source:           သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့်အတူ (၂၈-၃-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျုံဝမ်း၊ ကျုံမနင်း၊ ကျိုက်ပရန် ကျေးရွာ (၃) ရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို အသိပညာပေးကြေငြာခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mon_mar2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါ အသိပညာပေးကြေညာခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျုံဝမ်း၊ ကျုံမနင်းနှင့် ကျိုက်ပရန်ကျေးရွာတို့တွင် COVID-19 ရောဂါ အသိပညာပေးကြေညာခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_mar2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 နှင့်ပတ်သက်သည့်ဆောင်ရန် ရှောင်ရန်များ၊ လိုက်နာရမည့် အချက်များအား အသိပညာပေးလှည့်လည်ဟောပြောမှုသတင်း

    (၂၉-၃-၂၀၂၀)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ရှမ်းပြည်နယ် လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လွိုင်လင်မြို့ပေါ်ရှိ ရပ်ကွက်အားလုံးအား Covid-19 နှင့်ပတ်သက်သည့်ဆောင်ရန်/ ရှောင်ရန်များ၊ လိုက်နာရမည့် အချက်များကို မော်တော်ယာဥ်ဖြင့် လှည့်လည် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_mar2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀)ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ဘူးခူကျေးရွာအုပ်စု၊ ဘူးခူ(ထားလဲ)ကျေးရွာ၌ သောက်သုံးရေဂါလန်(၁၆၀၀)ကို ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ha_drg #kyh_mar2020 Source:           ဘောလခဲခရိုင်ဦးစီးမှူးရုံး(ဘစမ)