
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့်အတူ (၂၈-၃-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျုံဝမ်း၊ ကျုံမနင်း၊ ကျိုက်ပရန် ကျေးရွာ (၃) ရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို အသိပညာပေးကြေငြာခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mon_mar2020
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)