Latest News
-
Covid-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အများပြည်သူများအား အသိပညာပေး လှည့်လည်ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီအချိန်မှ (၁ဝ:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ တိုးချဲ့ရပ်ကွက်နှင့်မုရစ်ကြီး ကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား Hand Speakerများဖြင့် လှည့်လည်အသိပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_mar2020 Source: ချောင်းဆုံမြို့နယ်ဉီးစီးမှူးရုံး(ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ထန်းဇင်လှကျေးရွာအုပ်စု၌ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ (၃၀-၃-၂၀၂၀) ရက်နေ့၌ (၁၁:၃၀) နာရီအချိန်တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့် ပတ်သက်ပြီး ကျေးရွာ/ရပ်ကွက်နေ ပြည်သူတို့အား အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရှိပါသည်။ #ar #ayy_mar2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၀-၃-၂၀၂၀) ရက်နေ့(၁၅:၀၀)မှ စတင်၍ ဆင်ပေါင်ဝဲမြို့နယ်၊ ဘော်မြင့်ကျေးရွာအုပ်စု ဘော်မြင့်၊ မကြီးပင်ပု၊ ကျွဲခြံ၊ ချီစွတ်ကျေးရွာသို့ သုံးဘီးဆိုင်ကယ်ဖြင့် အသံချဲ့စက်များတင်ဆောင်ကာ COVID -19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးလုပ်ငန်းများအား ပြုလုပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့၊ (၁၀:၃၀)နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်အထိ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ် ဂေါ့ကျေးရွာနှင့် ကျုံပါကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ကပ်ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_mar2020 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid_ 19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင် ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာရှိ ပြည်သူများအား Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင် များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_mar2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀)ရက်နေ့ နံနက်(၀၈း၀၀) အချိန်မှ (၀၉း၁၅)အချိန်အထိ ကျောက်ဖြူမြို့နယ်၊ ကုလားဘာတောင်ရပ်ကွက်စျေး အတွင်း COVID-19 ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_mar2020 Source: ကျောက်ဖြူခရိုင်ဉီးစီးမှူးရုံး(ဘစမ)









