လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၀-၃-၂၀၂၀) ရက်နေ့(၁၅:၀၀)မှ စတင်၍ ဆင်ပေါင်ဝဲမြို့နယ်၊ ဘော်မြင့်ကျေးရွာအုပ်စု ဘော်မြင့်၊ မကြီးပင်ပု၊ ကျွဲခြံ၊ ချီစွတ်ကျေးရွာသို့ သုံးဘီးဆိုင်ကယ်ဖြင့် အသံချဲ့စက်များတင်ဆောင်ကာ COVID -19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးလုပ်ငန်းများအား ပြုလုပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။