Latest News
-
Covid-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက် လှည့်လည်ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ နိုင်လှုံ-လက်တက် ကျေးရွာ၊ အခွန်ကျေးရွာ၊ ဂုံညှင်းတန်းကျေးရွာ၊ သိမ်ကုန်းရပ်ကွက်၊ ကမာဝက်ရပ်ကွက်၊ စိန်တောင် ရပ်ကွက်နှင့် ထောင်ကေးရပ်ကွက်အတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်အသိပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျေးရွာရှိအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့် ပူးပေါင်း၍ (၃၀-၃-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ရေကျော်တိုးကျေးရွာအုပ်စု၊ ရေကျော်တိုးကျေးရွာ၌လည်းကောင်း၊ (၁၂:၀၀) နာရီအချိန်တွင် လေးခွဆိုင်ကျေးရွာ၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_mar2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၃၀-၃-၂၀၂၀) ရက်နေ့တွင် ညောင်ကျိုးအုပ်စုအတွင်းရှိ ကျေးရွာ များအတွင်း Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေးပန်ကြားချက်များလှည့်လည်ဟောပြောခြင်း လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_mar2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့၊ အလင်းရောင်ပရဟိတ လူမှုကူညီရေးအသင်းနှင့် ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာ၊ ဝိန်းကျောက်ရပ်ကွက်၊ ပါဆတ်ရပ်ကွက်၊ တော်ကော့ရပ်ကွက် စသည့် ကျေးရွာ၊ ရပ်ကွက်၌ Covid-19 ရောဂါကူးစက်ပျံ့ပွားမှုလျော့နည်းစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူ ထံ အသိပေးပန်ကြားခြင်းကို အသံချဲ့စက်ဖြင့် ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့်လှည့်လည် ဆော်သြခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်တွေမြို့သို့ ထပ်မံရောက်ရှိခိုလှုံနေထိုင်လျက်ရှိသည့် တိုက်ပွဲ ရှောင်စခန်း(၁၃)ခုမှ စုစုပေါင်းတိုက်ပွဲရှောင် အိမ်ထောင်စု(၁၀၀)စု လူဦးရေ(၄၂၉)ဦးတို့အတွက် ဆန်ရိက္ခာ (၂)ပတ်စာ ဖိုးငွေ(၁၈၀၁၈၀၀ိ/-)အား (၃၀.၃.၂၀၂၀)ရက်တွင် စစ်တွေခရိုင်ဦးစီးမှူးရုံးမှ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး/ စခန်းတာဝန်ခံများ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #rke_Mar2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် မော်လိုက်မြို့၊ ညောင်ပင်သာရပ်ကွက်၊ တံတားဉီးရပ်ကွက်၊ ကျောင်းတောင်ရပ်ကွက်၊ ကျောင်းမြောက်ရပ်ကွက်၊ အောင်ဇေယျာရပ်ကွက်၊ အောင်ရတနာရပ်ကွက် စသည့်မြိုပေါ်ရပ်ကွက်များ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_mar2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)









