Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

31_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့၊ အလင်းရောင်ပရဟိတ လူမှုကူညီရေးအသင်းနှင့် ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာ၊ ဝိန်းကျောက်ရပ်ကွက်၊ ပါဆတ်ရပ်ကွက်၊ တော်ကော့ရပ်ကွက် စသည့် ကျေးရွာ၊ ရပ်ကွက်၌ Covid-19 ရောဂါကူးစက်ပျံ့ပွားမှုလျော့နည်းစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူ ထံ အသိပေးပန်ကြားခြင်းကို အသံချဲ့စက်ဖြင့် ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့်လှည့်လည် ဆော်သြခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_mar2020

Source:  တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events