Latest News
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ဆောင်ရန်ရှောင်ရန်များ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁.၃.၂၀၂၀)ရက်နေ့ ( ၃း၀၀ )နာရီအချိန်တွင် လွိုင်လင်မြို့နယ်၊ နောင်ဟူးကျေးရွာ၊ ဝမ်လုံကျေးရွာတို့၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Covid-19)နှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန်များ၊ ညွှန်ကြားချက်များ၊ ဥပဒေများကို ကျေးရွာမိဘပြည်သူများကို အသိပညာပေး ပန်ကြားခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့တွင် (၁၅:၀၀) နာရီမှ စတင်၍ (၁၆:၀၀) အချိန်ထိ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အစည်းအဝေးတက်ရောက်လာကြသော ကျေးရွာအုပ်ချုပ် ရေးမှူးများအား အသိပညာပေးနှိုးဆော်ချက်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_mar2020
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့နံနက်(၀၅း၀၀)တွင် ပခုက္ကူမြို့၌ မြို့နယ်ဌာန ဆိုင်ရာများ၊ CSOများ၊ ကြက်ခြေနီအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ပခုက္ကူမြို့အဝင်အထွက် ယာဉ်လိုင်းများတွင်ပါရှိသော ခရီးသည်များအားအား Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ အပူချိန်တိုင်းခြင်း၊ စာရင်းများကောက်ယူခြင်း၊ အသိပညာနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_mar2020
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ထီးဗျားညေးကျေးရွာ၊ လောလျာခူကျေးရွာနှင့် မြို့မကျေးရွာအုပ်စု၊ လောခုခူကျေးရွာတို့၌ သောက်သုံးရေဂါလန်(၁၅၀၀)စီကို ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_mar2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနနှင့်အတူ (၃၀-၃-၂၀၂၀) ရက်နေ့(၂၁:၀၀)နာရီတွင် ရွှေဘိုမြို့နယ်၊ ချီပါတောင်ရွာ၊ ချီပါမြောက်ရွာတွင် Covid-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်အချက်များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများ၊ လက်ကမ်းစာစောင်ဖြန့် ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_mar2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
(COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးကြေညာခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့ (၁၀:၃၀) အချိန်မှ (၁၃:၀၀) နာရီအချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန် အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ မြောက်ချောင်း၊ နှမ်းခင်းကြီး၊ စက်ကုန်း ကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေး ဆောင်ရွက်ခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ #ar #npw_mar2020 Source: … Read more









