
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့တွင် (၁၅:၀၀) နာရီမှ စတင်၍ (၁၆:၀၀) အချိန်ထိ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အစည်းအဝေးတက်ရောက်လာကြသော ကျေးရွာအုပ်ချုပ် ရေးမှူးများအား အသိပညာပေးနှိုးဆော်ချက်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးကြောင်း သတင်းရရှိပါသည်။
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#mgy_mar2020