Latest News
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိမွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာ၊ ရောင်းဒေါင်းကျေးရွာနှင့် ကွမ်လှာကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာ နေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအားလှည့်လည်အသိပေး ကြေငြာခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့တွင် သရက်မြို့နယ်အတွင်းရှိ စခန်းကြီးကျေးရွာ၊ ကွမ်းအုံကျေးရွာနှင့် ရေဗွက်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့၊ နံနက်(၀၇:၃၀)အချိန်မှ စတင်ပြီး မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ကြာကန်ရွာသစ်ကျေးရွာ၊ပုဂံမျှော်ကျေးရွာ၊ ကြူချောင်းကျေးရွာနှင့် ညောင်ပင်သာကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mgy_apr2020
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကိုင်းရွာကျေးရွာအုပ်စု၊ တအုံကျေးရွာ၌ (၁-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၃)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု (၁)စုစာ၊ တာပေါ်လင်စ (၁)စတို့ကို (၂-၄-၂၀၂၀) ရက်နေ့(၁၄:၂၀)အချိန်တွင် ဝက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_apr2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်တွင်း ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၂၀) ရက်နေ့တွင် တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၆,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-) ကျပ်၊ ကယ်ဆယ် ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု (၁) စုစာတို့အား (၂-၄-၂၀၂၀) ရက်နေ့၊ (၁၁:၃၀) အချိန်တွင် … Read more
-
Covid-19ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေး နှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀)ရက်နေ့တွင် (၁၀:၀၀) နာရီမှ (၁၃:၀၀) နာရီအချိန်အထိ ကျိုက်မရောမြို့နယ်ရှိ အထရံရပ်ကွက်၊ အောင်သုခရပ်ကွက်နှင့် ရှင်စောပုရပ်ကွက်များသို့လှည့်လည်ပြီး(Covid-19)ကူးစက်မြန်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့ကို ရပ်ကွက်ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်း စာစောင်ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_apr2020









