
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀)ရက်နေ့တွင် (၁၀:၀၀) နာရီမှ (၁၃:၀၀) နာရီအချိန်အထိ ကျိုက်မရောမြို့နယ်ရှိ အထရံရပ်ကွက်၊ အောင်သုခရပ်ကွက်နှင့် ရှင်စောပုရပ်ကွက်များသို့လှည့်လည်ပြီး(Covid-19)ကူးစက်မြန်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့ကို ရပ်ကွက်ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်း စာစောင်ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#mon_apr2020