လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၂၄) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ကျောင်းအုပ်ကြီးနှင့်တကွ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၃၀၀)ဦးတို့အား ဦးစီးဌာနမှ   လုပ်ငန်းဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးမှုများ၊ သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များ၊ မီးခိုးညစ်ညမ်းမှု၊ တောမီးအန္တရာယ်နှင့် ပလတ်စတစ်ညစ်ညမ်းမှုတို့နှင့်စပ်လျဉ်းသည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ပြီး  နံရံကပ်ပိုစတာနှင့် လလ်လမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း  သိရှိရပါသည်။ #ar #ayy_jan2024 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကော့သောင်းမြို့နယ်၊ အောင်သုခရပ်ကွက်၊ မူလတန်းလွန်ကျောင်း(အောင်သုခ)ကျောင်း၌ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကော့သောင်းမြို့နယ်၊ အောင်သုခရပ်ကွက်၊ မူလတန်းလွန်ကျောင်း(အောင်သုခ)ကျောင်း၌ ကျောင်းသား/သူ (၁၀၀)ဦးအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အကြောင်းသိကောင်းစရာများ၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြာခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဖြင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_jan2024 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပုသိမ်မြို့၊ အမှတ်(၇)ရပ်ကွက်၊ ​အောင်သိဒ္ဓိရထားသံလမ်း​ဘေး၌ ဖြစ်ပွားခဲ့​သော မီး​ဘေး​အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်မြို့၊ အမှတ်(၇)ရပ်ကွက်၊ ​အောင်သိဒ္ဓိရထားသံလမ်း​ဘေး၌ (၂၇-၁-၂၀၂၄) ရက်​နေ့တွင် ဖြစ်ပွားခဲ့​သော မီး​ဘေး​ကြောင့် ပျက်စီးဆုံးရှုံးခဲ့​သော (သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း)​နေအိမ်(၁)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ်(၂၀၀,၀၀၀ိ/-)၊ ​ဘေးသင့်လူဦး​ရေ(၂)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေကျပ်(၄,၂၀၀ိ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေကျပ်(၂၀၄,၂၀၀ိ/-)တိတိနှင့် စက္ကူပုံးပါ ကယ်ဆယ်​ရေးပစ္စည်း(၁၇)မျိုး (၁) အိမ်ထောင်စာတို့အား (၂၉-၁-၂၀၂၄)ရက်​နေ့၊ (၁၁း၅၀)နာရီအချိန်တွင် ​တာ၀န်ရှိသူများ၏​​ရှေ့​မှောက်၌ ဘေးသင့်ပြည်သူများလက်၀ယ်သို့အ​ရောက် ​ထောက်ပံ့​ပေးအပ်ခဲ့ပါ​ကြောင်း သိရှိရပါသည်။ #ha_fir #ayy_jan2024 Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မဟာဓမ္မိကာရုံ ပရဟိတဂေဟာ၌ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၄)   ရက်နေ့၊ (၀၉:၃၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မဟာဓမ္မိကာရုံ ပရဟိတဂေဟာ၌ ဂေဟာမှူးနှင့်တကွ  အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်  ဂေဟာမှ ကျောင်းသား/သူ(၁၅၀)ဦးတို့အား  ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးမှုများ၊ သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များ၊ မီးခိုးညစ်ညမ်းမှု၊ တောမီးအန္တရာယ်နှင့်  ပလတ်စတစ်ညစ်ညမ်းမှုတို့နှင့်စပ်လျဉ်းသည့်ဆောင်ရန်/ရောင်ရန်များအား ဆွေးနွေးဟောပြောခဲ့ပြီး    နံရံကပ်ပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_jan2024 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ အ.မ.က(ချောင်းငယ်)ကျောင်း၌ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ အ.မ.က(ချောင်းငယ်)ကျောင်း၌ ကျောင်းသူ/ကျောင်းသားနှင့် ဆရာ/ဆရာမ(၁၀၀)ဦးခန့်အား သဘာဝဘေးအသိပညာ‌‌‌‌‌‌ပေး‌‌‌‌‌ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဗွီနိုင်းပိုစတာ ဖြန့်ဝေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_jan2024 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • တနင်္သာရီမြို့နယ်၊ အ.ထ.က(တနင်္သာရီ) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် တနင်္သာရီမြို့နယ်ရှိ အ.ထ.က(တနင်္သာရီ)ကျောင်းတွင် ကျောင်းသူ/ကျောင်းသားများ၊ ဆရာ/ဆရာမများ စုစုပေါင်း (၁၅၀)ဦးခန့်တို့အား သဘာဝဘေးအသိပညာ‌‌‌‌‌‌ပေး‌‌‌‌‌ ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာ ဖြန့်ဝေပေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #tny_jan2024