လပွတ္တာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ပြည်သူ့မေတ္တာဆန်စက်ဝန်းလမ်း မီးဘေးထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ပြည်သူ့မေတ္တာဆန်စက်ဝန်းလမ်းတွင် (၂၅.၃.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅း၄၅)နာရီအချိန်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၂၆)လုံးအတွက် အိမ်ဆောက်ပစ္စည်ဖိုး ထောက်ပံ့ငွေ(၃,၂၀၀,၀၀ဝိ/-)၊ အိမ်ထောင်စု (၂၆)စုမှ ဘေးသင့်လူဦးရေ ကျား(၆၀)ဦးနှင့် မ(၅၁)ဦး၊ စုစုပေါင်းဘေးသင့်လူဦးရေ (၁၁၁)ဦးတို့အတွက် ကယ်ဆယ်​ရေးပစ္စည်း(၁၇)မျိုးပါ (၂၆)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာ (၂၃၃,၁၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၃,၄၃၃,၁၀၀ိ/-)တို့အား လပွတ္တာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၆.၃.၂၀၂၄)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ အဖွဲ့ဝင်(၁)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ အဖွဲ့၀င်(၁)၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတာဝန်ရှိသူများ၊ အလှူရှင်များနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir

#ayy_mar_2024

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events