ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ကျေးချောင်းကျေးရွာအုပ်စု၊ သော်တာကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ရုံးမှ တာ၀န်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ကျေးချောင်းကျေးရွာအုပ်စု၊ သော်တာကျေးရွာတွင် (၁၆.၃.၂၀၂၄)ရက်နေ့၊ (၁၅:၀၀) နာရီအချိန်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၂၀,၀၀၀ိ/-)​၊ ဘေးသင့်လူဦး​ရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုး​ထောက်ပံ့ငွေ (၁၆,၈၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၃၆,၈၀ဝိ/-)နှင့် ထောက်ပံ့ငွေ(၄၆,၀၃၆/-)တန်ဖိုးရှိ ကယ်ဆယ် ရေးပစ္စည်း(၁၆)မျိုးပါ (၃)အိမ်ထောင်စာတို့အား (၁၈.၃.၂၀၂၄)ရက်နေ့၊ နံနက် (၁၂း၀၀)နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်၀ယ်အ​ရောက် ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir

#npt_mar_2024

Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events