ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာ၊ အေးချမ်း သာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာ၊ ကျေးချောင်းကျေးရွာအုပ်စု၊ မိုးနှံကုန်း၊ ထရံကာ၊ သော်တာ၊ ကျေးချောင်း မြောက်ကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ တပ်ကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့် ပူးပေါင်း၍  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာ၊ အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာ၊ ကျေးချောင်းကျေးရွာအုပ်စု၊ မိုးနှံကုန်း၊ ထရံကာ၊ သော်တာ၊ ကျေးချောင်းမြောက်ကျေးရွာတို့၌ (၂၁-၃-၂၀၂၄)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်မှ (၁၄း၀၀)အချိန်ထိ ဖြစ်ပွားခဲ့သော  ​လေဘေးကြောင့်ပျက်စီးခဲ့သော အမိုးလန်နေအိမ် (၁၉)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို (၂၂-၃-၂၀၂၄)ရက်နေ့၊ နေ့လည် (၁၅း၃၀)အချိန်တွင် တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာအုပ်စုတွင် ဆောင်ရွက်ခဲ့ရာ လူနေအိမ် (၁၉) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၂)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၁၃၀,၀၀၀/-)၊ ဘေးသင့်လူဦး​ရေ (၈၆)ဦးအတွက် ဆန်ရိက္ခာဖိုး​ထောက်ပံ့ငွေ (၁၈၀,၆၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၃၁၀,၆၀၀ိ/-) ကျပ်၊ (၁)အိမ်ထောင်စုလျှင် ကာပေါ်လစ်ဆပ်ပြာ(၂)တောင့်နှုန်းဖြင့် စုစုပေါင်း (၃၈) တောင့်၊ မိုးကာလိပ်(၂)လိပ်တို့အား ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါသည်။

#ha_sgw

#npw_mar_2024

Sourceဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events