Latest News
-
COVID-19 ကာကွယ်၊ တားဆီးထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူသို့ပန်ကြားချက် အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့တွင် မိုးမောက်မြို့နယ်ရှိ ကြေးနန်းရပ်ကွက်နှင့် အောင်မြေကျေးရွာ၊ ပီမိုးညှင်းကျေးရွာ၊ မံပုံကျေးရွာစုစုပေါင်းရပ်ကွက်(၁)ခု၊ ကျေးရွာ (၃) ရွာအတွင်းသို့ လှည့်လည်၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID- 19 ကာကွယ်၊ တားဆီးထိန်းချုပ် ကုသရေးဆိုင်ရာ ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား hand speaker များဖြင့် လှည့်လည်ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_apr2020
-
သောက်သုံးရေဖြန်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ရေစကြိုမြို့နယ်၊ ထန်းငယ်တောကျေးရွာအုပ်စု၊ ကျောက်ထပ်ကျေးရွာရှိ အိမ်ခြေ (၁၉၁)လုံး၊ အိမ်ထောင်စု (၂၀၁)စု၊ လူဦးရေ(၉၈၄)ဦးတို့အတွက် သောက်သုံးရေဂါလံ (၃၆၀၀)အား (၄-၄-၂၀၂၀)ရက်နေ့၊(၀၉:၀၀)အချိန်တွင် သွားရောက်ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_apr2020
-
Covid -19 ကြိုတင်ကာကွယ်ရေး အသိပညာပေးကြေငြာခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေပေးမှု သတင်း
(၄-၄-၂၀၂၀)ရက်နေ့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယုံသာ ကျေးရွာ၊ မတောကျေးရွာ၊ လက်ပံဆိပ်ကျေးရွာ၊ အညာလယ်ကျေးရွာ၊ ထန်းပင်ချောင်ကျေးရွာ၊ ပျဉ်တော ကျေးရွာ၊ အင်ပင်လှကျေးရွာ၊ ယားကျေးရွာနှင့် စနဗျင်းကျေးရွာတို့တွင် Covid -19 ကြိုတင် ကာကွယ် ရေးအသိပညာပေးကြေငြာခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် စာစောင်များကပ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_apr2020 Source: မင်းကင်းမြို့နယ်ဉီးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါပျံ့နှံမှုမဖြစ်ပွားစေရေးအတွက် အများပြည်သူများထံသို့ အသိပေးနှိုးဆော်ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မာဃသဟာယလူမှု အထောက်အကူပြုအဖွဲ့တို့ဖြင့်ပူးပေါင်းပြီး ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ခေါက်ခူကျေးရွာ၊ ပန်းထိပ်ကျေးရွာ၊ မင်းရွာကျေးရွာ၊ ပနန်းကျေးရွာ၊ စပယ်ကျေးရွာ၊ စင်ပုံကျေးရွာ၊ ယင်းမာကျေးရွာ၊ လက်ဝဲကုန်းကျေးရွာ၊ ပြင်သာကျေးရွာများနှင့် ထီးလင်းမြို့နယ်၊ ကန်စွန်းထောင့်ကျေးရွာများသို့ (၄-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီမှ (၁၅:၃၀) နာရီအချိန်ထိ COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန် ပြည်သူများသို့ အသိပညာပေးပန်ကြားချက်များ ကိုလှည့်လည်နှိုးဆော်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကွင်းပေါက်ကျေးရွာအုပ်စု၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖများနှင့်အတူ (၄-၄-၂၀၂၀) ရက်နေ့၌ (၁၄:၅၀) နာရီအချိန်တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ၊ ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။ #ar #ayy_apr2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
(၄-၄-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဉီးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဒီးမော့ဆိုမြို့နယ်၊ ဝါဘန်းပလို့ကျေးရွာအုပ်စု၊ လွီးကထိကျေးရွာနေ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာရန်အချက်များကို အသိပညာဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #kyh_apr2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









